အပိုင်း(10)Zawgyi

925 76 0
                                    

Zawgyi

"ဆက်မင်း ငါနင်နဲ့စကားခနလောက်ပြောချင်လို့"

"ဒီမှာဘဲပြောလေ"

ဆက်မင်းကထိုကောင်လေးရဲ့လက်ကိုကိုင်ပြီး
ပြောတော့ ပန်းဖြူစိတ်ထဲ မနာလိုမှုများတဖွားဖွား။
တစ်ကယ်ဆိုထိုကောင်လေးနေရာမှာရှိသင့်တာငါပါ။
အလကားအခြောက်လိုလိုဘာလိုလိုနဲ့ ကနွဲ့ကလျလိုကောင်မျိုးက ဆက်မင်းကိုဘယ်လိုချုပ်ကိုင်လိုက်လဲမသိ။
စိတ်ချပါဆက်မင်း ငါလေအဲ့အခြောက်ကောင်ဆီကနေနင့်ကိုပြန်လုမယ်။
နင်လိုလူက ငါ့လိုမိန်ကလေးမျိုးနဲ့ဘဲထိုက်တန်တယ်။

"ပန်းဖြူ"

"အော်..... ဟို ဒီကမောင်လေကိုဘဲခွင့်တောင်းပါရစေ။
အစ်မဆက်မင်းနဲ့စကားပြောစရာလေးရှိလို့
ခနလောက်ခွင်ပြုပေးပါလားဟင်"

ဆွဲကိုင်ထားသောလက်နှစ်ဖက်အားကြည့်ကာ
ခွင့်တောင်းလိုက်တော့
"ရပါတယ်...ယောက်ျားလိုက်ချင်ရင်ခနလိုက်သွားနော်။အငွေ့ကိုကြီးသံလွင်ကို စောင့်ရင်းနေခဲ့မယ်"

ဘာ!!ယောက်ျားတဲ့ ဟက်! အခြောက်ကောင်က
စိတ်ပျက်စရာကောင်းလိုက်ပုံများ ဒါကိုဆက်မင်းက
ကျေနပ်နေတာလား။သွားပြီ ဆက်မင်းနင်တော့ဆေးလွန်သွားပြီ ။ငါနင့်ကိုအရင်အတိုင်းပြန်ဖြစ်အောင်ကြိုးစားပါ့မယ်။

"ဒါဆိုရင်ခနစောင့်နော်....ငါပြီးရင်ပြန်လာမယ်။
အတူပြန်ရအောင်"

"အွန်းးးး"
.
.
.
"ဘာအကြောင်းလဲပန်းဖြူ"

လေလာရာအရပ်ကိုမျက်နှာမူလျက် တိတ်တိတ်သာနေနေသော ပန်းဖြူမှာ
ရှည်လျှားသောဆံပင်များကို အပေါ်တစ်လွှာဘဲစီးထားပြီး ဖဲသားကလစ်ကလေးအားညှပ်ထားသည်။
ဆုတောင်းကောင်းခဲ့၍
ကိုယ်လုံးကိုယ်ပေါက်လှသောသူ(မ)၏ခန္ဓာကိုယ်ပေါ်တွင် ပိုးသားပန်းရောင်လက်ရှည်အိင်္ကျီနှင့် ချိတ်ထမီပန်းရောင်လေးဖြင့် ပြစ်မျိုးမှဲ့မထင် ယဉ်ယဉ်ကလေးလှနေသည်။

"ဆက်မင်း"

"........"

"အခုငါပြောတာကို နင်သေချာနားထောင်နော်"

"ငါလေ ဟိုးးငယ်ငယ်လေးကတည်းက
အသည်းနင့်အောင်ချစ်ခဲ့တဲ့သူတစ်ဦးရှိတယ်"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now