အပိုင်း(5) Unicode

12.5K 644 29
                                    

Unicode

အငွေ့တို့စီးတဲ့ကားလိုင်းကနေ ဆက်မင်းတို့မြို့ကို
တိုက်ရိုက်ရောက်သည်။ကားပေါ်တတ်ကတည်းက
မြို့ပြင်ကယာဥ်ရပ်နားစခန်းအထိ တောက်လျှောက်အိပ်လိုက်လာတဲ့ ဆက်မင်းကတော့
ဘေးမှ ဆင်အော်ရင်တောင်နိုးမည်မထင်ပါ။
အငွေ့ကတော့ တစ်လမ်းလုံး တောင်တွေးမြောက်တွေးနဲ့ အိပ်မရဘဲရှိလေသည်။
ညဘက်ကားဆိုတော့ ဘာရှုခင်းမှလည်းကြည့်မရ
မြို့တွင်းမှာတုန်းကတော်သေးတယ်
မြို့ပြင်လည်းရောက်ရော ကားလမ်းတစ်လျှောက်လမ်းမီးတိုင်နဲ့ သစ်ပင်တွေဘဲမြင်နေရတော့
"ဟူး..သရဲကားတွေကြည့်ပါများသွားပြီ"

ခနအကြာ အငွေ့တို့ကား ယာဉ်ရပ်နားစခန်းမှာခနနားတော့မှ နာရီကိုကြည့်မိတာ မနက်သုံးနာရီတောင်ခွဲနေပြီ။
ဒီအချိန်က မနက်စာစားရမယ့်အချိန် မဟုတ်ပေမဲ့လည်း ဘေးကလူကိုတော့နှိုးမှရမည်။ကားပေါ်မှလူတွေကတော့ အောက်သို့ဆင်းသူကဆင်း တစ်ချို့ကတော့ ကားပေါ်မှာဘဲ နေနေကြတာရှိသည်။အောက်ဆင်းမည့်လူတွေထဲမှာတော့ အငွေ့လည်းပါသည် အကြောင်းက အငွေ့ရဲ့ကိစ္စထိပ်၀သို့ရောက်နေသောကြောင့် ဖြစ်သည်။တစ်ယောက်တည်းတော့မသွားရဲ
အဖော်ကတော့ခေါ်မှဖြစ်မည် ဒါကြောင့်

"လူကြီး! လူကြီး"

"ဟင်!! ဘာလည်းကွာ~အိပ်ကောင်းနေတာကို"

"လူကြီးရဲ့ အငွေ့ရှူးပေါက်ချင်လို့"

"ရှူးပေါက်ချင်သွားပေါက်ပေါ့ ကားရပ်ထားတာဘဲ"

"မရဘူး အငွေ့ရှူးပေါက်နေတုန်း သရဲမက တံခါးလာခေါက်ရင်ဘယ့်နယ့်လုပ်မတုန်း"

"ဒါများကွာ သရဲမဘဲလာလာ သရဲထီးဘဲလာလာ
သေးနဲ့သာငေါ့ပန်းထည့်လိုက် ပြေးရောအဲ့သရဲ"

"ဟင့်အင်း ဟင့်အင်း အငွေ့ကိုလိုက်ပို့ပေးလို့..
လုပ်ပါ~ပြီးတော့အငွေ့ဗိုက်ဆာတယ်"

"ကဲ ဘယ်လိုမှမရတော့ဘူးဆိုတော့လည်း သွားမယ်ကွာ"

"ဟီး ဒီလိုကျတော့လည်း ခင်ဗျားကချစ်စရာကြီး"

ကောင်လေးအားသန့်စင်ခန်းလိုက်ပို့ရင်းနဲ့
ဆက်မင်းကိုယ့်မျက်နှာကို ဘယ်နားထားရမလဲကိုမသိတော့ပါ။
သေးပေါက်တဲ့ နှစ်မိနစ်လောက်မှာ 'လူကြီးရေ'ဆိုပြီး
အခါနှစ်ဆယ်လာက်အော်ခေါ်နေတော့
ကိုယ့်ဘေးကဖြတ်သွားသူတွေက ပြုံးစိစိနဲ့
ပြုံးချင်လည်းပြုံးချင်စရာဘဲလေ
အိမ်သာထဲ လက်တစ်ဖက်ထည့်ထားရသေးတာကိုး။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now