အပိုင်း(9) Unicode

17.5K 974 15
                                    


Unicode

"အိမ်ရှင်တို့.....ရော်တော်ဘွန်း......မထကြသေးဘူးလား"

အချိန်က မနက်ဆယ်နာရီကိုရောက်နေပေမဲ့
အိပ်ယာထက်ကလူနှစ်ယောက်ကတော့
မထကြသေးပါ။သင်ဖြူးဖျာတစ်ချပ်ခင်းထားသော
ကုတင် ပေါ်တွင် ညားကာစ ပူပူနွေးနွေးလင်လင်နှစ်ယောက် ကြားလေသွေး၍မ၀င်နိုင်အောင် ပူးကပ်လျက်ရှိနေကြသည်။

အညာစောင်ကြီးတစ်ထည်က အငွေ့အပေါ်မှာတော့ လုံခြုံစွာလွှမ်းထားပြီး  ဆက်မင်းကတော့ ပုဆိုးတစ်ထည်ကိုသာ ရင်ခေါင်းထိရောက်အောင်၀တ်ထားသည်။ကွေးကွေးလေးအိပ်နေရင်း ဆူညံသံတွေကြောင့် အိပ်ယာထက်ကအငွေ့မှာ ဘယ်ဘက်ကမျက်လုံးတစ်ဖက်ကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။

နောက်တော့ မျက်လုံးအားထပ်မှိတ်လိုက်ပြီး စောင်ပတ်ထားလျက် ငုတ်တုတ်ထထိုင်လိုက်သည်။မျက်ခုံးနှစ်ဖက်အား အသာလေးပင့်လို့  မျက်လုံးကလေးများအား ပုတ်ခပ်ပုတ်ခပ်လုပ်ကြည့်လိုက်တော့မှ မြင်ရတာအဆင်ပြေသွားတော့သည်။

ခေါင်းက ကောက်ရိုးပုံခေါင်းပေါ်တင်ပေးထားသလို ၊စာကလေးငှက်သိုက်လို တွန့်ကြေရှုပ်ပွနေပြီး မျက်နှာသွယ်သွယ်ကလေးအပေါ်မှာလည်း ချေးတတ်နေသော မျက်ရည်စီးကြောင်းနှစ်ကြောင်းနဲ့  တစ်ကယ့်ကြောင်ချီးရုပ်။

ဘေးကလူကြီးကိုကြည့်တော့ ပက်လက်ကြီးတေနေတာများ။ရင်ဘက်ပေါ်ထိတင်ထားသော ပုဆိုးခါးပုံစအား လက်နှစ်ဖက်ဖြင့်ကိုင်ထားကာရင်း အိပ်ပျော်နေသည်က အပူအပင်မရှိ။

အားကျလောက်စရာ အိပ်မောကျနေသော ယောက်ျားဖြစ်သူရဲ့ပုံစံကိုကြည့်ပြီး ကြောင်ပေါက်လေးတစ်ကောင်လို မျက်လုံး၀ိုင်း၀ိုင်းလေးများပျောက်သည်အထိ သန်း၀ေရင်း နဂိုအခြေအနေသို့ပြန်ရောက်သွားသည်။

လျောကျနေတဲ့ အညာစောင်ကြီးအား ပုခုံးပေါ်အထိဆွဲထင်ကာ သွယ်လျသော ခြေတံရှည်သွယ်သွယ်ကလေးများက ဘေးကဆန်ဆန့်ကြီးအိပ်နေသည့် လူပေါ်သို့ ကန့်လန့်ဖြတ်တင်လိုက်ပြီး မမှီတမှီလှမ်းဖက်ရင်း နောက်တစ်ကြိမ်ပြန်လည် အိပ်ပျော်သွားခဲ့သည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now