Zawgyi
"ကိုကြီး မြန်မြန်လုပ်ဦး"
"အေးးးဒီမှာ ကုန်တော့မယ် ခန"
"လူလာနေပြီထင်တယ် မြန်မြန်"
*ဘုတ်!!*
"အားယားးယားး အောင့်သွားတာဘဲ ။ကုန်တော့ပါမယ်ဆို မင်းတို့ကလည်းဇွတ်"
"မဟုတ်ပါဘူးကိုကြီးရာ ဒေါ်ကြီးသောင်းထွက်လာမှ သားတို့အားလုံး သူကြီးအိမ်ရောက်ကုန်မှာဆိုးလို့"
"ဘာမှမရောက်ဘူးစိတ်ချ ။အဲ့ဒီဒေါ်ကြီးသောင်းသိလည်းဘာအရေးလည်း ငါတို့ချဲပေါက်ပြီဆိုရင် အလျော်အစား အလျော်အစားနဲ့ တို့ပိုက်ဆံတွေမလိမ့်တစ်ပတ်သိမ်းသွားတာ ခံစားလိုက်စမ်း"
"ကိုကြီးရာ သားတို့ကသိရင်ပြဿနာတွေပိုကြီးမှာစိုးလို့တားနေရတာပါ။အခုလည်းသားတို့ခူးတာများနေပြီလေ လာပါသွားရအောင်"
ဒီလိုပါဘဲ နှစ်လုံးဒိုင်ဖြစ်တဲ့ အရီးသောင်းဆိုတာ နှစ်လုံးထီလေးများပေါက်ပြီဟေ့ဆိုတာနဲ့ အလျော်အစားပေးရတာနဲ့ ထွက်တဲ့စလောင်းချင်းမတူတာနဲ့ကိုင်ပေါက်ပြီး ပေးစရာရှိတာမပေးတဲ့ ကပ်စေးနဲအပျိုကြီးလေ။အငွေ့မှာလည်း ထိုအပျိုကြီးနဲ့ပတ်သက်လို့ မကျေနပ်တာတွေကို သူအိမ်ကအသီးတွေခူးရင်း ဖြေဖျောက်လေ့ရှိသည်။အရင်တစ်ခါကသရက်သီး၊နောက်တော့ မာလကာသီး၊ဟဲ ဟဲ အခုတော့ စောင်းလျားသီးပေါ့ ။ဟိုးအရင်ကတည်းကမျက်စိကျနေတဲ့ဒီအသီးကို ခူးစားချင်လွန်းလို့ အိမ်မှာငံပြာရည်ပုလင်းတောင်ကြိုဝယ်ထားသေး။ဘယ်နှယ့်လည်း ကပ်စေးနဲမကြီး ခင်ဗျားရဲ့အသီးမရှိတော့တဲ့အပင်ကိုကြည့်ရင်းခံစားစမ်း။
.
.
.
."အာ့ ကျွတ်စ်! ကျွတ်စ်! အင်းးးးး"
ခိုးစားတဲ့အသီးကပိုကောင်းတယ်ဆိုပြီး စွတ်စပ်စားတာ အခုတော့ ဗိုက်ထဲက တဂွီဂွီနဲ့
"ယောက်ျား ထ....ထ..ထပါဦးလို့"
"ဟင်းးးးး အင်းးအငွေ့ ဘာ ဘာဖြစ်လို့လည်း"
"အငွေ့ဗိုက်ရစ်နေလို့ အဲ့တာအနောက်ဖေးလိုက်ပို့ပေး"
""ယောက်ျား"
"အင်းးအငွေ့"
"ယောက်ျား"
"ဘာလည်းအငွေ့ရဲ့"
YOU ARE READING
ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed)
Romanceသောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..