အပိုင်း(31) Unicode

10.6K 598 12
                                    

Unicode

"အာ မီးမီးရယ် ငိုပါနဲ့ကွာ ကျွတ်!ကျွတ်!"

ကလေးသေးသေး‌ေလးကိုပွေ့ရင်း ငိုတော့မယ့်ရုပ်နဲ့မိုးစွေမှာ
လူကောင်သာကြီးပြီး အလုပ်သာ ကောင်းကောင်းလုပ်နိုင်တာ ကလေးတစ်ယောက်ကိုတော့နိုင်အောင် ဘယ်လိုမှမထိန်းတတ်။

မင်္ဂလာဦးညကတည်းက ကလေးကြောင့် ပါပါပါး မလုပ်ခဲ့ရတဲ့အတွက် ချီးထုတ်မလေးဟု မိုးစွေကပြောခဲ့ပေမဲ့ သံလွင်က သူ့သမီးအားနာမည်မဖျက်နဲ့ဆိုပြီး အော်လို့ နောက်ဆုံးတော့ ကလေးရဲ့အိမ်ခေါ်နာမည်က မီးမီးလေးဖြစ်သွားခဲ့သည်။

အခုဆို အလုပ်လည်းမသွားရ သူ့ဦးလေးတွေကလည်းမလာ သံလွင်ကလည်း ကလေးတွေရဲ့စာမေးပွဲကြီးအတွက် အချိန်ပိုတွေခေါ်သင်နေပြီမို့ မိုးစွေတစ်ယောက်တည်း ခြံထဲမသွားနိုင်ဘဲ ခလောက်တကေး အားထိုင်ထိန်းနေရသည်။

အခုလည်းကြည့် စောနကလေးမှနို့ဘူးစို့ထားတာ အခုပြန်ဆာနေပြီ နို့ဘူးက‌ရေနွေးလေးနဲ့ဆေးထားတုန်းမို့ မတိုက်သေးတာကြောင့် ဖြူဖြူကျော်သိန်းအမျိုးက ခုနှစ်အိမ်ကြားရှစ်အိမ်ကြား အော်ငိုနေတယ်လေ။စိတ်လေတယ် စိတ်လေတယ် ငါ့နှယ် နားညီးလွန်းလို့ ကိုယ်နို့သာပြန်တိုက်လိုက်ချင်တယ် မထွက်တာကခက်နေတာ ဟွန်း ဟွန်း ။

"မီးမီးရေ ခနေလေးစောင့်ပါဦးလားကွာ ဖေကြီးဖျော်ပေးနေပြီလေ"

ကလေးအားပုခတ်ထဲထည့်ကာ ရေနွေးနဲ့ဆေးထားသော နို့ဘူးထဲသို့ နို့မှုန့်နဲ့ ရေကျက်အေး ခပ်နွေးနွေးကလေးဖြင့်ထည့်ဖျော်လိုက်သည်။လက်ပေါ်အစက်ချပြီးအပူအအေးစမ်းပြီးကာမှ ဘူးလေးအားလှုပ်ကာ မီးမီးအား တိုက်လိုက်တော့ မိုးစွေပေါင်ပေါ်မှာထိုင်ပြီး ဇိမ်နဲ့နို့ဘူးစို့နေသည်။
ဘူးတစ်၀က်လောက်ရောက်တော့ နို့မှိန်းမှိန်းနေရာမှ နို့ဘူးစို့ရင်း အိပ်ပျော်သွားသည်။

မီးမီးလေးအိပ်ပျော်သွားပေမဲ့ ဖေဖေကြီးမိုးစွေက နို့ဘူးအားမချွတ်ပေးသေးဘဲ ဘူးလေးအားထိန်းကိုင်ပေးထားသည်။ဘာကြောင့်လည်းဆိုတော့ မီးမီးလေးကအိပ်နေရင်း တစ်ချက်တစ်ချက်နို့ထစို့လို့ဘဲဖြစ်သည်။ပေါင်ပေါ်မှာအိပ်ပျော်နေတဲ့ တစ်လသမီးလေးက နို့ဘူးအရမ်းစို့တာကြောင့် မိခင်နို့မရလည်း လုံးလုံးတစ်တစ်ကလေးနဲ့ ချီလိုက်ရင်နင့်ကနဲ့နေနေတာဘဲ။လက်အရမ်းကြိုက်တဲ့ကလေးမို့ ဘယ်သူချီချီအချီခံပေမဲ့ သူအိပ်ချင်လာရင်တော့ အနားမှာသံလွင်ရှိမှရပြီး နိုးလာပြီဆိုရင်လည်း ဘယ်သူမှအချီမခံ မိုးစွေကိုယ်ပေါ်မှာဘဲ ဖားပျံလေးလိုကပ်နေတတ်သည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now