အပိုင်း(27)Zawgyi

739 59 0
                                    

Zawgyi

နောက်နေ့တွေကြတော့ ထိုကောင်လေးအားမတွေ့မိတော့။တစ်ပတ်လောက်ကြာမှကျူရှင်ပြန်တတ်တဲ့ကောင်လေးကို သူ့အချိန်မရှိတဲ့နေ့မှာတစ်ခါပြန်တွေ့ခဲ့ရသည်။ခါတိုင်းအချိန်တွေဆို ပြုံးပြုံးရွှင်ရွှင်နဲ့ နေတတ်တဲ့ကောင်လေးက ဒီနေ့မှာတော့ မျက်နှာအတော်လေးညှိုးနေကာ စာထဲလဲသိပ်ပြီးစိတ်မရောက်သလိုခံစားရသည်။

ထိုနေ့ကဆက်မင်းကျူရှင်ဆင်းတော့ ကားလမ်းရဲ့တစ်ဖက်ဆီက ရေလည်ဘုရားဆီသို့ လျှောက်သွားသောကောင်လေးကိုတွေ့လိုက်ရသည်။

တစ်ဖက်မှာကကားလမ်း ၊ ဘေးမှာကအပင်တွေအုပ်ဆိုင်းလို့ ညဆယ်နာရီကြီး မကြောက်မလန့်တစ်ယောက်တည်းလျှောက်သွားနေသောကောင်လေးက ဒီရပ်ကွက်ကမဟုတ်တာတော့ သူကောင်းကောင်းကြီးသိပါသည်။ ဘုရားထဲသို့ရောက်ရန်တစ်လမ်းစာလျှောက်လမ်းလေးရှိသည်။ ကန်တစ်ပြင်လုံးမှာဗေဒါပန်းတွေက ခရမ်းအရင့်ရောင်ဖြင့် ကန်တစ်ကန်လုံးပြွတ်သိပ်ကျပ်ခဲနေသည်။လမ်းတစ်နေရာအရောက်မှာ ခြေထောက်ကိုကန်ထဲသို့ချကာ ခြေဆင်းထိုင်နေသော ကောင်လေးက အပင်တွေကြားမှာ ခပ်လင်းလင်းထိုးထွက်နေသောလရောင်ကိုငေးကြည့်နေသည်။ သေချာကြည့်လျှင် ကောင်လေးရဲ့မျက်ဝန်းအိမ်ထဲကနေ မျက်ရည်စတွေ အထိန်းအကွပ်မရှိ တရဟောကျဆင်းနေသည်။ရုပ်ပျက်အောင်ငိုနေသည်မဟုတ်ဘဲ ရုပ်တည်နဲ့မျက်ရည်တွေဆင်းနေတာက ၀မ်းနည်းစရာတစ်ခုကြောင့် မိမိကိုယ်တိုင်တောင်မသိခင်မှာ မျက်ရည်ကျနေရခြင်းဖြစ်သည်။

အစကတော့ဒီအတိုင်းကျော်သွားမလို့ပြင်လိုက်ပေမဲ့ တဖြည်းဖြည်းရေထဲကိုဆင်းဖို့ပြင်လာတဲ့ကောင်လေးကြောင့် အနားသို့အမြန်သွားကာ ချိုင်းမှမ၍ဆွဲတင်လိုက်ရသည်။

"ဟူးးးးတော်ပါသေးတယ်ညီရာ ဘယ်လိုကြောင့် ရေတောထဲဆင်းဖို့လုပ်ရတာလည်း"

ကျွန်တော်အမေးကို ဖြေရန်ပါးစပ်ပြင်လိုက်ပြီးမှ နောက်တော့မပြောဘဲ ခေါင်းငိုက်စိုက်ကျသွားပြန်သည်။

"ညီ ဘာဖြစ်တာလည်း ကိုယ့်ကိုပြော ကိုယ်ဘာကူညီပေးရမလဲ ဟင်"

"ဟင့်အင်းး"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Tempat cerita menjadi hidup. Temukan sekarang