အပိုင်(30) Unicode

9.9K 599 3
                                    

Unicode

ဒီတစ်ညနေတော့ မိုးစွေမျက်နှာက မျောက်အုန်းသီးရတဲ့ရုပ်ဖြစ်နေသည်။ဘာကြောင့်လည်းဆိုတော့ ဒီနေ့က ကလေးတွေစာမေးပွဲပြီးတဲ့နေ့ ဖြစ်နေလို့ဖြစ်သည်။

အစကတော့ တုတ်တုတ်ကို သူကိုယ်တိုင်သွားဌားမည်လုပ်သော်လည်း ဘုရားဖူးမလိုက်တဲ့ စောခရစ်စေတန်က သူ့ကိုယ်တိုင်ဆိုင်ကယ်နဲ့ မြို့ပေါ်တတ်ပြီးသွားဌားလာခဲ့မယ်ဆိုလို့ အခုလိုအေးအဆေးဆေး သံလွင်လေးကို သွားခေါ်လို့ရနေတာဖြစ်သည်။

ခြံရှေ့ရောက်တော့ သံလွင်ကသူ့သူငယ်ချင်းမလေးနဲ့ထိုင်ပြီး စကားပြောနေသည်။မိုးစွေလည်းလာရော သံလွင်ရဲ့သူငယ်ချင်းမလေးက ဆရာမကြီးကိုသူကြည့်ထားပေးမယ်ဆိုပြီး အိမ်ထဲကို၀င်သွားသည်။

"သံလွင်လေး"

"အင်း"

"သွားကြမယ်လေ  သုံးနာရီမထိုးခင်လေး နောက်ကျရင်ကားမရဘဲနေလိမ့်မယ်"

"အင်းသွားကြမယ်  ဒါနဲ့ဆက်မင်းတို့ရော "

"သူတို့က ရွာထိပ်မှာကြိုရောက်နေကြပြီ။ငါတို့သွားဖို့ဘဲကျန်တော့တာ"

"ဟူးငါစိတ်တွေလေးနေတယ် မိုးစွေရာ ။အမေငါတို့ကို လက်ခံပေးပါ့မလား"

"လက်မခံတော့လည်း လက်ခံလာအောင်၀ိုင်းပြောကြတာပေါ့ကွာ ။ဆရာမကြီးကမင်းကိုချစ်ပါတယ် သူ့သားလေးစိတ်ချမ်းသာတာကိုဘဲ သူကမြင်ချင်တာလေ"

"အင်း   အမေက ငါ့ကိုချစ်တယ်။ငါကတော့ အမေ့စိတ်တိုင်းကျနေပေးမဲ့ သားတစ်ယောက်မဖြစ်နိုင်တော့ဘူး"

"ဘာကြောင့်လဲ  ဆရာမကြီးရဲ့ မွေးရပ်မြေကိုမပြန်နိုင်ဘူးဆိုတဲ့အကြာင်းလား"

"အဲ့တာလည်းပါတယ် ပြီးတော့လည်း ငါအမေပေးစားတဲ့မိန်းမကိုမယူမိတာလည်းရှိသေးတယ်လေ"

"ငါကလည်းမင်းနဲ့ယူပြီးသွားရင် ငါတို့တွေ တောင်ကြီးကိုမိသားစုလိုက်ပြောင်းကြဖို့ ငါစဥ်းစားပြီးသွားပြီ ။မိန်းမယူတဲ့အကြောင်းတော့မပြောနဲ့"

လမ်းလျှောက်နေရင်းက မိုးစွေစကားကြောင့် ခေါင်းငိုက်စိုက်ကျနေတဲ့ သံလွင်ရဲ့ ခြေလှမ်းတွေရပ်မိသွားသည်။သူကြားခဲ့တဲ့စကားကို အခုထိမယုံနိုင်သေးပေ။တစ်ဦးတည်းသောသားကြီး ဖြစ်တဲ့ မိုးစွေက သူ့အတွက်နဲ့ သူမရင်းနှီးတဲ့ သူစိမ်းတစ်နေရာမှာလိုက်နေပေးမယ်ဆိုတာ ...

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now