အပိုင်း(24) Unicode

9.6K 630 36
                                    

Unicode

"မနက်ဖြန်ကျရင် ကျော်ရီးအိမ်ကဆိုင်ကယ်သွားမ,မယ်"

"မင်းကြီးတော် ထိပ်ထိပ်ကငါတို့ကို ဘာမှန်းမသိညာမှန်းမသိ လေးခွနဲ့လိုက်ပစ်မှ "

"ဘာမှမဖြစ်စေရဘူး ငါတို့ကအပျော်ဘဲလေ ဟဲ ဟဲ"

ပွဲကပြန်လာတော့ သူငယ်ချင်းငါးယောက် စကားပြောရင်း တိမ်းမြူကင်း၍လရောင်သာနေသော ရွာလမ်းမကြီးပေါ် ခြေလှမ်းနှေးနှေးနဲ့ လမ်းလျှောက်လာကြသည်။

"ငဆက်!! ဟိုနားကထန်းညက်ဖိုမှာ မီးလင်းနေတယ်"

"ရော မင်းကလည်း လူငယ်ပီပီနားလည်ပေးကြစမ်းပါ ။ဘာဖြစ်နေလည်းမင်းသိရဲ့သားနဲ့"

သံလွင်အမေးကို ဆက်မင်းက၀င်ပြီးဖြေတော့ သူလည်းဘာမှမပြောဘဲ ဒီအတိုင်းကျော်သွားဖို့ဆုံးဖြတ်လိုက်သည်။ဒါပေမဲ့တဲအကျော်နားရောက်သွားတော့ ပစ္စည်းကျသံတွေလို ဒုန်းဒိုင်းနဲ့ကြားရသည်။ပြီးတော့ငိုနေတဲ့မိန်းကလေးတစ်ယောက်ရဲ့အသံရောဘဲ ။သံလွင်စိတ်ထဲ မတင်မကျဖြစ်သွားတော့ ထိုတဲနားသွားရန်ပြင်လိုက်သည်။

"မစပ်စုပါနဲ့သံလွင်လေးရယ် လူငယ်ချင်းဘဲ"

"မဟုတ်ဘူး!!! စောနကမိန်းကလေးအသံက ပန်းဖြူရဲ့အသံနဲ့တူတယ်။သူများလားမသိဘူး ငါသွားကြည့်မယ်"

ပြောပြီးဆိုပြီး ထိုနေရာသို့လျှောက်သွားသော သံလွင်နောက် ကျန်တဲ့လေးယောက်လည်းလိုက်ခဲ့ကြသည်။

ထန်းညက်ဖိုထဲမှာတော့..

"အဟင့်! တောင်းပန်ပါတယ်ကျော်ရီးရယ် ပြီးတော့ ငါနင့်ကိုကျေးဇူးလည်းတင်ပါတယ်"

"နင့်အပြစ်နင်သိတယ်နော်ပန်းဖြူ"

"ငါမရည်ရွယ်ပါဘူးဟာ ။ပြီးတော့ငါကြောက်တယ် အီးးးးအဟင့် အဟင့် ။ကျော်ရီး နင်ငါ့ကိုချစ်တယ်မလား ဒါဆိုငါ့အကြောင်းတွေကိုဘယ်သူ့ကိုမှသွားမပြောပါနဲ့နော်"
ထိုနောက် မပေါ့မပါးတဲ့ခန္ဓာကိုယ်အား အားယူကာ မြေကြီးပေါ်၌ဒူးထောက်ချ၍ တောင်းပန်လာသဖြင့် သူလည်းဘဲ မြေကြီးပေါ်မှာဘဲထိုင်ချလိုက်သည်။

နေမကောင်းချင်သလိုဖြစ်နေတာကြောင့် အားလုံးထက်အစောကြီးပြန်လာခဲ့ချိန် တစ်ဖက်လမ်းမှမိန်းကလေးတစ်ယောက်က ကိုယ််အရှေ့ကနေ၀င်ပြီး ခေါင်းငိုက်စိုက်ကျလျက် တစ်နေရာသို့လျှောက်သွားတာကိုမြင်လိုက်ရသည်။အစကတော့ရွာထဲကလူဘဲ ဘာမှမဟုတ်ပါဘူးဆိုပြီးနေလိုက်ပေမဲ့ သူမကရွာအပြင်ကိုဦးတည်ကာလျှောက်သွားတာကြောင့် မိန်းကလေးတစ်ယောက်တည်းဖြစ်နေတာမို့ အနောက်ကနေမသိမသာလေးလျှောက်ကာလိုက်လာခဲ့သည်။

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Where stories live. Discover now