အပိုင်း(12) Unicode

14K 908 66
                                    

Unicode

"အဲ့ဒီမှာခနရပ်"

"ဟင်!"

အငွေ့က မပန်းဖြူရဲ့အသံကြောင့် စိတ်ထဲ တိတ်တဆိတ်ကြိမ်ဆဲမိသွားသည်။

'မမြင်ချင်လို့ကျော်သွားပါတယ်ဆိုမှ တည့်တည့်ကိုလာတိုးနေတယ်  ဘာလား ။
ခုလည်းကြည့် သူ့ကိုယ်သူ
လှယဥ်တင့်မယ်လိုလျှောက်လာနေပြီး
ကြည့်လို့ကိုမရဘူး ပေါက်တူးမကြီး'

အငွေ့အရှေ့သို့ တဖြေးဖြေးရောက်လာခဲ့တဲ့ ပန်းဖြူက သူမအားစိုက်ကြည့်နေတဲ့ အငွေ့အရှေ့လာရပ်ကာ လက်နှစ်ဖက်ပိုက်ရင်း အငွေ့ကိုယ်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

နှုတ်ခမ်းတစ်ချက်မဲ့လျှက် ပန်းဖြူက အငွေ့ကိုပြောသည်။

"မင်းကို ဆက်မင်းဘာပြောလည်း"

'အော်ဟော ဟိုနေ့ကကျမောင်လေးတဲ့ အခုတော့မင်း
တတ်လည်းတတ်နိုင်လွန်းပ'

အငွေ့မျက်နှာကို မောချီထားလိုပ်သည်။သူမဘယ်လောက်ဘဲ သူ့ယောက်ျားကို လိုချင်လိုချင် အငွေ့က တရား၀င်ယောက်ျားဖြစ်သည်။

"ဘာပြောရမှာလည်း သူ့အပြစ်သူသိလို့တောင်းပန်တယ်လေ အဲ့ဒါအစ်မနဲ့ဘာဆိုင်လန်း သူများလင်လင်ကြားထဲ
ကန့်လန့်ကန့်လန့်နဲ့"

"ဘာ!! နင်ကများ အေးပါ ဆက်မင်းအရှေ့မှာတော့ပန်းနုသွေးလုပ်ပြီး
အခုတော့မင်းရဲ့ပုံစံအမှန်ထွက်လာပြီပေါ့"

"ဒီမယ်အမိပန်းနုသွေးတွေ ပန်း၀တ်မှုံတွေလာမပြောနဲ့ ကျွန်တော့်ပုံစံအမှန်ဆိုတာက အခုမြင်‌နေရတဲ့အတိုင်းဘဲလေ
ကျွန်တော်က ကျွန်တော်ယောက်ျားအရှေ့လည်း
ဒီလိုဘဲ အစ်မ‌သိလား
ကျွန်တော်ဗမာကားမကြည့်လို့မသိပေမဲ့
အစ်မပြောတဲ့ပန်းနုသွေးဆိုတာ ကျွန်တော်မဟုတ်ဘဲ
အစ်မဘဲဖြစ်ရမှာ"

အငွေ့ရဲ့စကားကြောင့် ပန်းဖြူဒေါသထွက်ကာ လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်မိသည်။

"ဘာ!! နင်လိုအခြောက်မကများ ။ဒီမှာ မင်းကိုမင်းဘာထင်နေတာလည်းဆိုတာ ငါစိတ်မ၀င်စားဘူး ဒါပေမယ့် ဆက်မင်းဆိုတာ တစ်ချိန်ကျရင်ငါနဲ့လက်ထပ်မဲ့သူ
ငါ့အပေါ်စိတ်ဆိုးနေလို့ သူကခနတစ်ဖြုတ်ဘဲ
အပျော်ရှာဖို့မင်းကိုယူတာ။မင်းဘဲစဥ်းစားကြည့်လေ
သူကမင်းကို လူသိရှင်ကြားယူခဲ့လို့လား"

ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed) Dove le storie prendono vita. Scoprilo ora