Zawgyi
မီးနီပိစိလေးပါ မဖတ်ချင်ရင်ကျော်သွားလို့ရပါတယ်။
( ၀တ်တရားအရပွောတာပါ ဖတ်မဲ့သူတွေချည်းပါဘဲ)
.
.အရှေ့နေကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့နှစ်ယောက်က ဆက်မင်းတို့ခပ်လှမ်းလှမ်းရောက်တော့ ဖုန်တောထဲနောက်တစ်ခါထပ်ပြီးထိုင်ချနေသည်။သေချာပါတယ် အငွေ့ဥသြဆွဲနေပါပြီ။
"ရလားအငွေ့ မင်းစားထားတာတွေကုန်ပြီ"
"ရတယ် ဘာမှဖြစ်ဘူး ထန်းရည်လောက်ကတော့ ငါဘုရားငုတ်တိုမှာကတည်းကသောက်ဖူးတာ ဒါလေးကအပျော့ဘဲရှိသေးတယ်"
(ဘုရားငုတ်တိုရွာက တွံတေးလှိုင်သာယာအဆင်းကသွားရင် အရင်ရောက်တဲ့ရွာပါ)"အောင်မာ အချိုရေ ဘဲသောက်နိုင်တဲ့ကောင်ကများ"
(လောလောလတ်လတ်ရသောအရည် ကိုအချိုရေတဲ့ သူကမနက်စောစောမှာဘဲရတာ၊ဟိုမှာတော့ အညာဘက်ကလို အိုးလိုက်သောက်တာနည်းပြီး တစ်ခါမှအသုံးမပြုရသေးတဲ့ ရေသန့်ဘူးထဲကိုထည့်ပြီးရောင်းတာဘဲရှိတယ်ဗျ အဲ့ဒါကတော့မမူးဘူးပေါ့နော် ။ပြောရင်းဆိုရင်းတောင်သောက်ချင်လာပြီ 😂)"အဲ့အချိုရေကိုတောင်မင်းကသောက်ဖူးလို့လား"
ကျောကုန်းကိုထုရင်းမေးလာတဲ့အငွေ့ကို ၀ါဖူးကလက်အသွင်သွင်ခါပြီး
"ငါကရေခြားမြေခြား မသွားချင်လို့ ။နို့မို့ရင်သွားသောက်တယ်"*ရေခြားမြေခြား* ဘယ်ကရေခြားမြေခြားလည်း?
အော် တွံတေးတံတား ဟိုဘက်ကမ်းဒီဘက်ကမ်းကို ရေခြားမြေခြားလိုဆိုလိုတာလား"ဟားးဟားး ဖင်ခေါင်းကလည်းကျယ်ပ။ငါလူးလေး လေဖင်ခေါင်းဆင်အောင်းလို့ရတယ် "
(ကိုယ်ဘာမှမသိဘူး)ဖုန်တောထဲမှာစကားပြောနေတဲ့နှစ်ယောက်က တစ်ခါတစ်ခါဟိုပုတ်ဒီပုတ်နဲ့ ဖြစ်နေပြီး ။တစ်ခါတစ်ခါကျတော့လည်း ဖုန်တောထဲမှာ လူနေကြသည်။သူတို့နှစ်ယောက်ကို အ၀ေးကကြည့်နေတဲ့ လူကြီးနှစ်ယောက်ကတော့ ဘယ်အချိန်ကတည်းကအမူးပြေသွားမှန်းမသိတော့ပါ။ကြည့်နေရင်း သဲတွေနဲ့ပါကောက်ပက်နေတာကြောင့် ငမူးနှစ်ကောင်အား သွားဆွဲရသေးတယ်။
နောက်တော့ ကျော်ရီးက ၀ါဖူးကိုကုနျးပိုး ပြီးအရှေ့ကနေချီခေါ်သွားသည်။ကျန်ခဲ့တဲ့ဆက်မင်းကတော့အငွေ့ကို တင်ပါအောက်ကနေပွေ့ချီပြီး ရင်ဘက်ပေါ်တင်ကာ ခေါ်လာခဲ့လိုက်သည်။အငွေ့ကတော့ ဆက်မင်းပုခုံးပေါ်ခေါင်းတင်ရင်း ပွစိပွစိနဲ့ မှီလိုက်လာသည်။
ESTÁS LEYENDO
ရွာထဲသို့ ဂျစ်တူးတစ်ယောက်ရောက်ရှိလာခြင်း(completed)
Romanceသောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..