Chapter 1 ♡

2.1K 99 6
                                    

(Unicode)

1475 ခုနှစ် ဝမ်ထရမ်းပြည် မင်းကြီးဝမ်ကျားရန်အုပ်စိုးချိန်....မင်းကြီးဝမ်ကျားရန်၏အသက်တော်မှာ 65 နှစ်ဖြစ်ပြီး မိဖုရားတစ်ပါး ၊ သားတော်လေးတစ်ပါးနဲ့ သမီးတော်လေးတစ်ပါးသာတည်ရှိတယ် မိဖုရားတစ်ပါးတည်းသာတည်ရှိတဲ့ အကြောင်းအရင်းမှာ သူအုပ်ချုပ်ချိန်ကာလပတ်လုံး အနောက်ဆောင်မှာ အာဏာလုတာမျိုးတွေမရှိစေရန်သာဖြစ်တယ် မင်းကြီးဝမ်ကျားရန်မှာ အိမ်ရှေ့စံဘဝထဲက စစ်နည်းဗျူးဟာကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး တိုင်းပြည့်ကိုလစ်ဟင်းမူမရှိအောင်အုပ်ချုပ်နိုင်တာမို့ ဘယ်သူကမှမင်းကြီး ကိုယ်လုပ်တော် တော်မကောက်တာကိုမဝေဖန်ရဲဘူး ဒါ့အပြင်မင်းကြီးဝမ်ကျားရန်၏မိဖုရားချင်းယွမ်သည်လဲ့မြှောက်ပိုင်းတွင်အာဏာရှိသူတစ်ယောက်ဖြစ်တယ် တခြားတိုင်းပြည်များက နှစ်နိုင်ငံချစ်ကြည်ရေးအတွက်မင်းသမီးများဆက်သသော်လဲ့ မင်းကြီးဝမ်ကျားရန်မှာပညာသားပါပါငြင်းလေ့ရှိသည်...ထို့ကြောင့်ဝမ်ထရမ်းပြည်၌မင်းကြီးဝမ်ကျားရန်အုပ်စိုးချိန်ကာလအတွင်း အနောက်ဆောင်မှာအေးချမ်းသာယာလှတယ် 

ယနေ့တွင် နန်းတွင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်
သက်နေသော်လည် နန်းတွင်းထဲရှိတတိယအ‌ကြီး‌ဆုံးအဆောင်တစ်ခုမှာတော့ ဆူပူသောင်းကြမ်းသံများကြားနေရသည်

ဒုတ်!!!

"စိတ်လျော့တော်မူပါ အိမ်ရှေ့စံမင်းသား"

"ထွက်သွား!!!!!!"

အိမ်ရှေ့စံရဲ့စကားဆုံးတာနဲ့ ကိုယ်ရံတော်မှလွဲ၍ မင်ကုန်းကုန်းနှင့်တကွအစေခံအားလုံးမှာအဆောင်ပြင်ကိုထွက်လာလိုက်ကြရတယ် သူတို့ရဲ့အိမ်ရှေ့စံမင်းသားလေးက အသက်တော် 14နှစ်သာရှိသေးပေမယ့် ဒေါသထွက်နေတဲ့ အချိန်ဆိုရင်တော့ အရမ်းကိိုကြောက်ဖို့ကောင်းတယ်
အခန်းထဲမှာတော့ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ဝမ်ရိပေါ်က အဆက်မပြတ်သောင်းကြမ်းနေတယ် သောင်းကြမ်းနေတဲ့ ရိပေါ်ကိုကြည့်ပြီး ကိုယ်ရံတော်ယန်လဲ စိတ်မသက်သာဘူး

ဒုတ်!!!! ခွမ်း!!!

အခန်းထဲကသောင်းကြမ်းသံတွေကပိုမိုကျယ်လာလေး  အဆောင်ပြင်မှာရပ်စောင့်နေကြတဲ့အစေခံတွေက အသက်တောင်မရှူရဲဖြစ်လာလေပဲ့

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now