Chapter 5 ♡

666 64 6
                                    

(Unicode)

"ရှောင်းကျန့်ကိုသာ ငါ့လက်ထဲထည့်ပေးရင်း နင့်ရဲ့ဂေဟာကို လစဉ် ရွှေစ 3ထောင် ထောက်ပံပေးမယ် ဒါ့အပြင် သခင်လေးတွေပါလာ‌တက်ရောက်ချင်းနိုင်လောက်တဲ့ထိ ‌အဆင့်မြှင့်တဲ့ကျောင်းတော်ဖြစ်အောင်လဲလုပ်ပေးမယ်မိန်ယွမ်"

"ငါကလေးကို ဘာငွေကြေး အဆင့်တန်းနဲ့မှမလဲနိုင်ဘူးလိုငါပြောထားပြီးသားရှောင်းရန်ချင်း"

"မင်း ဘာလို့ဒီလောက်တောင်ခေါင်းမာနေရတာလဲ့ ငါစီမှာသာရှောင်းကျန့်နေရင် ဒီထက်ကောင်းမွန်တဲ့ဘဝမှနေရမယ်ဆိုတာကိုနင်သိပါတယ်မိန်ယွမ်"

"နင်ကျန့်ကျန့်ကိုဘာလိုမွေးစားချင်းနေလဲဆိုတာငါမသိဘူးလိုထင်နေတာလား နင့်သမီးရဲ့မတရားသေဆုံးမူအတွက် ချင်းအိမ်တော်ကိုနင်စိတ်နာနေတယ်ဆိုတာကိုငါသိတယ် ဒါပေမယ့်ရှောင်းကျန့်ကိုအသုံးချဖို့အတွက်တော့ငါခွင့်မပြုနိုင်ဘူး ကျန့်ကျန့်ကိုဘယ်တော့မှာနင်လက်ထဲကိုငါထည့်ပေးမှာမဟုတ်ဘူးဆိုတာမှတ်ထား"

မိန်ယွမ်ကသူမစကားအကုန်ပြောပြီးတာနဲ့ ရှောင်းရန်ချင်းအိမ်တော်ကနေထွက်လာလိုက်တယ် ရှောင်းမင်ချန်ရဲ့သမီးကိုလဲ မိန်ယွမ်ကသူ့သမီးအရင်းတစ်ယောက်လိုချစ်ပါတယ် ချင်းအိမ်တော်ကြောင့် မတရားခံရပြီးသေဆုံးသွားတဲ့ ရှောင်းရန်ချင်းရဲ့သမီးအတွက်လဲမိန်ယွမ်ကရင်ကွဲမတက်နာကျင်ခဲရတာပါပဲ့ ဒီလိုဆိုတိုင်းချင်းအိမ်တော်ကို ကလဲ့စားချေဖို့အတွက် ရှောင်းကျန့်ကိုတော့ မပေးလိုက်နိုင်ပါဘူး ရှောင်းကျန့်ကိုမပေးနိုင်ကြောင်း သူငြင်းနေတာအခေါက်ပေါင်းလဲမနည်းတော့ဘူး ဒါပေမယ့်ရှောင်းရန်ချင်းက အခုထက်ထိလက်မလျော့သေးပဲ့ ရှောင်းကျန့်ကိုမွေးစားခွင့်တောင်းနေတုန်းပဲ့.....

"ကျောက်ရန်"

"ကျွန်တော်မျိုးရှိပါတယ်"

"မိန်ယွမ်ကိုသည်းခံနေတဲ့ငါရဲ့သည်းခံမူတွေကကုန်ဆုံးသွားပြီး မိန်ယွမ်ရဲ့ဂေဟာပြာကြသွားတာကိုငါမြင်ချင်းတယ်"

"ဗျာ!! ဂေဟာကိုသာမီးရှို့လိုက်ရင် ကလေးတွေကိုပါထိခိုက်နိုင်ပါတယ် သခင်ကြီး"

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now