Chapter 12 ♡

433 35 2
                                    

(Unicode)

"ပုန်ကန်ဖို့ကြိုးစားနေတဲ့အဖွဲ့ထဲမှာ အဓိကပါဝင်နေတာ အလည်ပိုင်းကအမတ်တွေပဲ့ ပြီးတောင်ပိုင်းကအမတ်တစ်ချို့ကိုလဲ‌သိမ်းသွင်းနေတယ်လိုသိရတယ် ဒါပေမယ့် ကျွန်တော်တို့မှာသက်သေအသိကျမရှိဘူး သူတို့ကိုအပြစ်ပေးနိုင်ဖို့ဆိုရင် တိကျတဲ့သက်သေရမှဖြစ်မယ်"

ကျိုးချန်ရဲ့စကားဆုံး ရိပေါ်ကသောက်နေတဲ့အကြမ်းရေခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကိုစဉ်းစားနေမိတယ်

သူ့ကိုပုန်ကန်ချင်းနေတဲ့သူမှာ တစ်ခြားသူတော့မဟုတ်ဘူး သူ့ခမည်းတော်ရဲ့ တစ်ဝမ်းကွဲညီတော် သူရဲ့ပထမ ဦးရီတော်ဝမ်ကျောက်မင်းပဲ့ဖြစ်တယ် ဝမ်ကျောက်မင်းကနန်းတွင်းထဲကအစေခံတွေကို မတရားသိမ်းပိုက်နေတာကိုဖမ်းမိပြီးနောက် သူ့ခမည်းတော်စီကနေနယ်နှင်ဒဏ်ပေးခံထားလိုက်ရချင်းဖြစ်တယ် အခုလဲငယ်ငယ်ရွယ်ရွယ်နဲ့နန်းတက်ပြီးဘုရင်ဖြစ်နေတဲ့သူကို အထင်သေးပြီး ပုန်ကန်ချင်းနေတာဖြစ်တယ် သူသနားညှာတာပြီး နယ်နှင်ဒဏ်မှကင်းလွှတ်ခွင့်ပေးလိုက်တာကို ဦးရီတော်ဝမ်ကျောက်မင်းကသူကိုပုန်ကန်ဖို့ကြိုးစားမယ်လိုမထင်ထားလိုက်မိဘူး

"အရှင် ကျွန်တော်ကိုယုံကြည့်လား?"

ဘာစကားမှမပြောပဲ တစ်ခုခုကိုစဉ်းစားနေတဲရိပေါ်ကိုကြည့်ပြီး ကျိုးချန်ကပဲစကားထပ်စလိုက်တယ် ကျိုးချန်အနေနဲ့ဒီကိစ္စတွေကိုမြန်မြန်ရှင်းပြီး ‌ရှောင်းကျန့်နဲ့တွေ့ချင်းနေပြီးဖြစ်တယ် ဒီကိစ္စတွေကြောင့် ရှောင်းကျန့်မှာပါထိခိုက်မူတွေရှိလာမှာဆိုး‌တာကြောင့် ကျိုးချန်မှာရှောင်းကျန့်ကိုတောင်သွားမတွေ့နိုင်ဖြစ်နေရတယ်

"ဦးရီတော်က ကျွန်တော်အယုံကြည်ရဆုံးသူပါ"

ကျိုးချန်ရဲ့အမေးကိုရိပေါ်ကတုန်ဆိုင်းစွာမရှိပဲပြန်ဖြေလိုက်တယ် တကယ်လဲသူအယုံကြည့်ရဆုံးလူဆိုလိုကျိုးချန်တစ်ယောက်ပဲရှိတယ်

"ဒါဆိုရင် ပုန်ကန်မယ့်သူတွေရဲ့ကိစ္စကို ကျွန်တော်ဝာာဝန်အဖြစ်လွဲထားလိုက်ပါ အရှင်က အနောက်ပိုင်းကစစ်တပ်နဲ့ သွားရောက်ပူပေါင်းဖို့ကြိုးစားကြည့်ပါ အနောက်ပိုင်းစစ်တပ်သာ အရှင်ရဲ့လက်အောက်ကိုဝင်လာရင် နောက်တစ်ခါဘယ်သူမှမပုန်ကန်ရဲလောက်တော့ပါဘူး"

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now