Chapter 6 ♡

695 77 4
                                    

(Unicode)

ဂေဟာမီးလောင်နေတဲ့သတင်းပြန့်ပြီး သိပ်မကြာခင်မှပဲ့ကျိုးအိမ်တော်ကအစေခံတွေနဲ့ ဂေဟာမှာစာလာသင်‌နေကြတဲ့ကလေးတွေရဲ့မိဘတွေပါရောက်လာကြပြီးကူညီခဲ့တာမို့ ကလေးအတော်များကိုထပ်ကယ်ထုပ်နိုင်ခဲ့တယ် စိတ်မကောင်းစွာနဲ့ပဲကလေး4ယောက်နဲ့ မိန်ယွမ်ကတော့ မီးလောင်ရာမှာသေဆုံးသွားတယ် တစ်ချိန်ထဲမှာပဲ မင်းကြီးကံတော်ကုန်သွားပြီးဆိုတဲ့သတင်းက ပြည်သူတွေကြားပျံနှံလာပြီး တိုင်သူပြည်သားအားလုံးကပူဆွေးသောကရောက်သွားကြရတယ်

ဆုံးသွားတဲ့ကလေး4ယောက်နဲ့မိန်ယွမ်ရဲ့ဈာပနကိုတော့ ရှောင်းမင်ချန်နဲ့ယွမ်ဖုန်းဝူကပဲဦးဆောင်လုပ်ခဲ့ပြီး မြေမြုပ်ခဲ့တယ် ရှောင်းကျန့်ကသတိပြန်ရရချင်း သူ့အားရီးသေသွားပြီးဆိုတာကိုသိတာနဲ့ အပြင်းအထန်ဖျားရာကနေ 2ရက်လောက်သတိမေ့သွားခဲ့တယ်....

ကျန်ရှိနေတဲ့မိဘမဲ့ကလေးတွေအတွက် ကျိုးသခင်ကြီးနဲ့ရှောင်းရန်ချင်းကပေါင်းပြီးဂေဟာအသစ်ပြန်လည်တည်ဆောင်ပေးခဲ့တယ် ဒါအပြင်သင့်တော်မယ့်သူကိုရှာပြီး ဂေဟာမူအဖြစ်လဲအုပ်ချုပ်စေခဲ့တယ် ကျိုးသခင်ကြီးနဲ့ရှောင်းရန်ချင်းကမိဘမဲ့ကလေးတွေအတွက်ဂေဟာကိုအသစ်ပြန်လည်ဆောက်ပေးခဲ့တဲ့အပြင်  သခင်လေးတွေပါလာတက်နိုင်တဲ့ကျာင်းတော်တစ်ဆောင်ကိုပူးတွဲဆောက်လုပ်ပြီး ကျိုးရန်‌ကျောင်းတော်နဲ့ဂေဟာအဖြစ်အသစ်ဖွင့်လှစ်လိုက်တယ် ငွေအင်းအား လူအင်အားအများပြားသုံလိုက်တာကြောင့် ဂေဟာအသစ်ပြန်လည်ဆောက်လုပ်ရေးက အချိန်ခဏအတွင်းပြီးစီးသွားတယ် ဒီသတင်းဟာပြည့်သူတွေကြားပြန့်သွားပြီး ကျိုးသခင်ကြီးနဲ့ရှောင်းရန်ချင်းမှာလည်း လူအများလေးစားခြင်းကိုခံလိုက်ရတယ် ကျိုးသခင်ကြီးရဲ့မျက်နှာကြောင့် အမတ်တွေရဲ့သား/သမီးတွေဖြစ်တဲ့သခင်လေးအများစုမှာလဲ အသစ်ဖွင့်လှစ်ထားတဲ့ဂေမှာ လာရောက်စာသင်ကြရတယ်

"ကျန့်ကျန့်"

"ဗျာ"

ပြတင်းပေါက်ကနေအပြင်ကိုငေးငိုက်နေတဲ့ရှောင်းကျန့်ကို ရှောင်းမင်ချန်ကအသာလေပွေ့ပြီးပေါင်ပေါ်တင်လိုက်တယ် နဂိုကပိန်ပိန်သေးသေးလေးဖြစ်တဲ့ရှောင်းကျန့်က နေမကောင်းဖြစ်ပြီးထဲကအစာလဲသိပ်မစားကြောင့် အရင်ကထက်တောင်ပိုပိန်လာတယ်

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now