Chapter 11 ♡

396 33 5
                                    

(Unicode)

ဝမ်ထရမ်းပြည်ကိုရောက်ပြီး 3 လအတွင်းမှာပဲ ရှောင်းကျန့်ကဈေးထဲကဆိုင်ခန်းကြီးကြီးတစ်ဆိုင်ကိုဝယ်ယူလို့ အထည်ဆိုင်ဖွင့်နိုင်ခဲ့တယ် ရှောင်းကျန့်ရဲ့အရည်ချင်းနဲ့လှပပြီးသူများနဲ့မတူညီတဲ့ဒီဇိုင်းကြောင့်ရော သက်သာတဲ့ဈေးနှုန်းတွေကြောင့် ရှောင်းကျန့်ရဲ့အထည့်ဆိုင်လေးကသာမန်လူစားတွေထဲနာမည်ကြီးလာတဲ့အပြင် ကျိုးသခင်မကြီးရဲ့ကျေးဇူးကြောင့်ရော အဆင့်တန်းမြင့်တဲ့ အသိုင်းဝိုင်းကြားမှာပါနာမည်ကြီးလာရတယ်

မကြာခင်ဝမ်အိမ်တော်မှာကျင်းပမယ် ပွဲအတွက်လဲ ကောသခင်လေး/သခင်မလေးအတော်များက ရှောင်းကျန့်ရဲ့အထည်ဆိုင်စီကသာအဝတ်ထည်တွေဝယ်ယူကြတယ် ဝမ်အိမ်တော်ဆိုတာက ဝမ်ထရမ်းတိုင်းပြည်ရဲ့ မြို့အလည်တည့်တည့်မှာ တည်ရှိတဲ့ အကြီးဆုံးအိမ်တော်တစ်ခုဖြစ်တယ် ဝမ်အိမ်တော်က တော်ဝင်မျိုးနွယ်တွေ နန်းပြင်ထွက်ရင် အနားယူနိုင်ဖို့အတွက် ဆောက်လုပ်ထားတဲ့အိမ်တော်ဖြစ်ပြီး နန်းတော်အပြင်မှ ကျင်းပရတဲ့ပွဲတော်များကိုလဲ ဝမ်အိမ်တော်မှသာကျင်းပလေ့ရှိတယ် အခုတစ်ခေါက်ဝမ်အိမ်တော်မှာကျင်းပမဲ့ပွဲက လူပျို အပျိုများအတွက် အိမ်ထောက်ဖက်တွေ့‌ဆုံပွဲဖြစ်တယ် ဒီပွဲကိုနှစ်တိုင်းကျင်းပပြီး ဒီပွဲမှကြိုက်နှစ်သွားတဲစုံတွဲတိုင်းကို မင်းကြီးကကိုယ်တိုင်လက်ဆပ်ပေးပြီး လက်ဆောင်များလဲပေးဆောင်တယ်

သခင်လေး/သခင်မလေးများကလဲ ကိုယ်သဘောကြတဲ့သူကိုပိုင်ဆိုင်ခွင့်ရမယ်အခွင့်ရေးကြောင့် ပျော်ရွှင်နေသလို ရှောင်းကျန့်ကလဲသူဆိုင်ကအဝတ်ထည်များရောင်းရတာကြောင့်ပျော်ရွှင်နေတယ်

"ဝေါင်း သခင်မလေးကဒီဝတ်စုံနဲအရမ်းလှတာပဲ ကြည့်ပါအုန်း ကျန့်ကော"

ယွီချင်းရဲစကားကြောင့် ရှောင်းကျန့်ကချုပ်လက်စ အထည်ကိုချလို အဝတ်လဲခန်းထဲကထွက်လားတဲ့ အိုမိန်ရှင်းနားကိုလျှောက်လာပြီးသေချာတစ်ပတ်လှည့်ကြည့်တယ် မိန်ရှင်းကသူဆိုင်ကိုလာဝယ်တဲ့ သခင်လေး/သခင်မလေးများထဲကမှ စိတ်သဘောထားအကောင်းဆုံးသောသခင်မလေးဖြစ်တယ်

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now