Chapter 4 ♡

654 58 7
                                    

(Unicode)

ရိပေါ်ကနန်းတွင်းပြန်ရောက်တာနဲ့ သူ့ခမည်းတော်ကအခေါ်တော်လွှတ်တယ်ဆိုလို့ မင်းကြီးရှိတဲ့နဂါးအဆောင်ကိုအပြေးသွားလိုက်ရတယ်

"သားတော်ရောက်ပါပြီး ခမည်းတော် ဘာအရေးကြီးကိစ္စများရှိလို့အခေါ်‌လွှတ်လိုက်ရတာလဲခမည်းတော်"

"မနက်ဖြန်ကစပြီး ခမည်းတော်နဲ့အတူ သားတော်လည်ညီလာခံတက်ရမယ်"

"ဗျာ!!"

"သားတော်အသက်ကမငယ်တော့ဘူး တိုင်းပြည်ရေးကိုခုထဲက လေ့လာထားတော့ သားတော်ဘက်စုံတော်နေတာ ခမည်းတော်သိပေမယ့် ဘယ်သူ့ကိုမှအယုံမလွယ်မိစေနဲ့ ခမည်းတော်ရဲ့ကျန်းမားရေးကလဲသားတော်သိတဲ့အတိုင်းပဲ့ သားတော်လက်ထဲကိုပဲ ခမည်းတော်စိတ်ချလက်ချအားလုံးအပ်ခဲ့ချင်တယ် ခမည်းတော်ပြောတာကိုနားလည်းလားသားတော်"

"နားလည်းပါတယ်ခမည်းတော်"

"ဒါဆိုမနက်ဖြန်အတွက်‌ပြင်ဆင်းထားတော့ သွားလို့ရပြီး"

"ဟုတ် ကျန်းမားရေးဂရုစိုက်ပါခမည်းတော် သားတော်ကိုခွင့်ပြုပါအုန်း"

မင်းကြီးကိုနုတ်ဆက်ပြီးတာနဲ့ရိပေါ်ကသူ့အဆောင်ကိုပြန်လာလိုက်တယ် တနေ့တခြားဆိုးရွာလာတဲ့သူ့ခမည်းတော်ရဲ့ကျန်းမားရေးအခြေနေကိုရိပေါ်ကသိတယ် တိုင်းပြည်ရေးကိုစိတ်မဝင်စားပေမယ် သူ့ခမည်းတော်နောက်ဆံမတင်းပဲစိတ်ချနိုင်ဖို့အတွက် သူအများကြီးကြိုးစားရအုန်းမယ်ဆိုတာကိုလဲသိတယ် သူ့မယ်တော် သူ့ညီမတော် သူ့ဖြူလုံးလေးကို သူ့ကာကွယ်ရမယ်

အဲ့နေ့ပြီးနောက်နေ့ကစလို့ ရိပေါ်ကသူ့ခမည်းတော်နဲ့အတူ ညီလာခံတက်ရတယ် ညီလာခံပြီးတော့လဲ တိုင်းပြည်ရေကို ခမည်းတော်နဲ့ဆက်ဆွေးနွေးတယ် စာပေပညာလဲသင်ရသေးသလို သိုင်းပညာလဲလေ့ကျင့်ရသေးတယ် တစ်နေ့သာရိပေါ်ရဲ့နားချိန်က အိပ်ချိန်ပဲဖြစ်တယ် ဒါပေမယ့်သူပင်ပန်းတယ်လိုမခံစားရဘူး သူအခုကြိုးစားနေတာအားလုံးက သူချစ်တဲ့သူတွေအတွက်ပဲ့ဖြစ်လို့...

ဒီနေ့ရိပေါ်ကအရမ်းကိုပျော်ရွှင်နေတယ် ဒီတစ်ပတ်လုံးကြိုးကြိုးစားစားနဲ့အားလုံးသင်ယူနိုင်တဲ့သူ့ကို ဆုချတဲ့အနေနဲ့ သူ့ခမည်းတော်ကနန်းပြင်ထွက်ခွင့်တစ်ရက်ပေးလို့ပဲဖြစ်တယ် ပေးမထွက်ရင်လဲ ရိပေါ်ကခါတိုင်းလိုပဲခိုးထွက်မှာပဲဖြစ်တယ် ရိပေါ်နဲ့ယန်က နန်းပြင်ထွက်ခွင့်ကပ်ပြားလေးကိုင်လို့ ထွက်လာလိုက်တယ် ဒီနေ့တော့သူ့ဖြူလုံးလေးထက်စောစောသွားစောင့်နေရမယ်

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now