Chapter 13 ♡

795 38 7
                                    

(Unicode)

"ငါဘာကောင်လဲဆိုတော့...ဒီတိုင်းပြည့်ရဲ့ဘုရင်ဝမ်ရိပေါ်ပဲ ငါခါးကနဂါးကျောက်စိမ်းပြားကိုမမြင်ဘူးလား ဒီလောက်ဆို မနက်ဖြန်နေထွက်တာကိုမမြင်ရမယ့် သူကဘယ်သူဖြစ်မယ့်လိုမင်းထင်လဲ"

"‌ဗျာ....တောင်း...တောင်းပန်ပါတယ် ဒီတစ်ခါပဲ ခွင့်...ခွင့်လွှတ်ပေးပါ"

"တကယ်စိတ်ရင်းနဲတောင်းပန်ပါတယ် နောက်ဒီလိုမျိုးထပ်မဖြစ်စေရပါတယ်"

"ခုနကစကားတွေလဲ ကျွန်တော်မူးပြီးရှောက်ပြောမိတာ ခွင့်လွတ်ပေးပါ တောင်းပန်ပါတယ်"

ကြားလိုက်ရတဲ့ရှေ့ကလူရဲ့စကားကြောင့် ယွီသခင်လေးက‌ ခဏတာကြောင်အ နေပြီးမှာ သူရှေ့ကလူရဲ့ခါးကိုကြည့်လိုက်မိပြီး အသည်းသန်တောင်းပန်လိုက်ရတယ် ဘုရင်အမြက်တော်ရှရင် ဆွေမျိုးခုနှစ်ဆက်မျိုးတုန်းမယ့်ကိစ္စမလား ဘုရင်ကိုတွေ့ချင်းလိုရှာနေကြတဲ့သူတွေအများကြီးထဲမှာမှ သူ့တစ်ခြားလူကိုအနိုင်ကျင့်နေမိတဲ့အချိန်နဲ့မှလာတွေ့ရတယ်လို့ ဒီအခြေနေကြီးကသူအတွက်ဘယ်လိုတောင်ကံဆိုးမူလဲ ယွီသခင်းလေးကအဲနေရာမှတင်တစ်ခါထဲမေ့လဲပြစ်ချင်သွားတယ်

ရိပေါ်ရဲ့စကားဆုံးတာနဲ့ ရိပေါ်ကိုအသည်းသန်တောင်းပန်လာတဲ့ ယွီသခင်းလေးကြောင့် ယွီသခင်းလေးရဲ့နောက်လိုက်ကောင်တွေအပြင် ရှောင်းကျန့်ပါ မျက်လုံးပြူးသွားရတယ် ရိပေါ်ကယွီသခင်လေးနား နာကိုကပ်ပြီးတိုးတိုးလေးပြောလိုက်တာကြောင့် ရိပေါ်ဘာပြောလိုက်တယ်ဆိုတာကို ရှောင်းကျန့်အပြင် ဘယ်သူကမှမကြားလိုက်ရဘူး ဒါပေမယ့်ရိုရိုကျိုးကျိုးတောင်းပန်နေတဲ့ယွီသခင်းလေးကိုကြည့်ချင်းအားဖြင့် ရိပေါ်ကအာဏာကြီးကြီးထဲကပဲဆိုတာသဘောပေါက်လိုက်တယ်

ရိပေါ်ကတော့တောင်းပန်နေတဲ့ယွီသခင်လေးကို ဂရုမစိုက်ပဲ ရှောင်းကျန့်လက်ကိုအသာကိုင်လိုပြုံးပြုံးနဲ့ အဲနေရာကနေထွက်လာလိုက်တယ် ဒီအကောင်ပေါက်လေးရဲ့အရှေ့မှာ သူရဲကောင်းလုပ်လိုက်ရတဲ့ ခံစားချက်ကစစ်ပွဲနိုင်လာတာထက်ကိုအရမ်းကောင်းမွန်နေတယ် သူကိုတအံတဪနဲ့ကြည့်နေတာလေးက ဆွဲရမ်းပြစ်ချင်းစရာကောင်းလွန်းတယ်

You've reached the end of published parts.

⏰ Last updated: Feb 24 ⏰

Add this story to your Library to get notified about new parts!

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now