Chapter 10 ♡

446 40 3
                                    

(Unicode)

ရှောင်းကျန့်နဲ့ယွီချင်း တောစပ်နားကမက်မွန်ပင်စီရောက်တော့ ရှောင်းကျန့်ကပြုံးလိုက်မိတယ် 10စုနှစ်တစ်ခုကြာတဲ့ထိတောင် ဒီနေရာလေးကအရင်တိုင်းပဲ့ရှိနေသေးတာကြောင့်ရှောင်းကျန့်ကအံဪမိသွားတယ်

မက်မွန်ပင်အောက် အရိပ်ကောင်းကောင်းရတဲ့နေရာလေးမှ ဖျာခင်းလို့ ရှောင်းကျန့်ကအင်္ကျီပုံတွေကိုစတင်ဆွဲတယ် ယွီချင်းကတော့ ထုံးစံအတိုင်းရှောင်းကျန့်လိုအပ်တာတွေကို ဘေးနားကနေလုပ်ပေးတယ် ပုံဆွဲရင်းအချိန်တစ်ခဏကြာတော့ရှောင်းကျန့်က‌ဗိုက်ဆာလာပြီ ယွီချင်းကိုစာချင်းတာဝယ်ပေးဖို့ဂျီကြတော့တယ်

"ယွီချင်း"

"ဗျာ ကျန့်ကော"

"ဗိုက်ဆာတယ်"

"ဟင်း!! ဒါဆိုပြန်ကြတော့မလားကျန့်ကော"

"မပြန်ချင်သေးပါဘူး ဟိုတနေ့ကစားခဲ့တဲ့ဈေးထဲကပေါက်စီစားချင်းတယ် အဲတာသွားဝယ်ပေး"

"ကျန့်ကောပါလိုက်ခဲ့ပါလားဟင်း ကျန့်ကောကိုတစ်ယောက်ထဲထားခဲ့ရမှာကျွန်တော်စိတ်မချဘူး"

"ကောက ကလေးလား?"

"ကလေးမဟုတ်လိုပေါ့ ကလေးသာဆို ဘယ်သွားသွားချီသွားလိုက်ပြီး"

"ဟွန့်!! လမ်းမလျှောက်ချင်းဘူး ကောဘယ်မှမသွားဘူးလိုကတိပေးတယ်လေးနော် ဒီမှပဲ့ငြိမ်ငြိမ်လေးထိုင်ပြီးပုံဆွဲနေမှာ"

"တကယ်နော် ဘယ်မှာလျှောက်မသွားရဘူးနော် ကော ကျွန်တော်မြန်မြန်ဝယ်ပြီး မြန်မြန်လာမယ်"

"အင်းအင်း စိတ်ချနော် ဒီတိုင်းငြိမ်ငြိမ်လေးပဲထိုင်နေမယ်"

ယီချင်းက‌ရှောင်းကျန့်ကိုစိတ်မချပေမယ့်လည် ရှောင်းကျန့်ကဗိုက်ဆာနေတာကြောင် မြန်မြန်သွားဝယ်ပေးပြီး မြန်မြန်ပြန်လာဖို့ကိုစဉ်းစားလိုက်တယ် ရှောင်းကျန့်ကနည်းနည်းလေးအဆာလွန်တာနဲ့ ‌ဗိုက်အောက်တက်တယ်မလား?

ဒီနေ့ရိပေါ်ကတော်တော်လေးကိုစိတ်ညစ်နေတာဖြစ်တယ် ညီလာခံတစ်လျှောက်လုံး အမတ်တွေကတမျိုး ညီလာခံပြီးတော့လဲအဖွားတော်နဲ့မယ်တော်ကတစ်မျိုးက မိဘုရားတင်မြှောက်ဖို့ကိုပဲ့ဖိအားပေးနေကြတယ် သူ့အသက်ကအခုမှ 24နှစ်ပဲ့ရှိသေးတယ် ဒါကိုမိန်းမယူပြီး မျိုးဆက်ပွားဖို့ပဲဖိအားပေးခံနေရတယ် အခုချိန်မှာသူမိန်းမလဲမလိုချင်းသေးသလို့ ကလေးတစ်ယောက်ိုပြုစုပျိုထောင်ဖို့လဲ အဆင့်သင့်မဖြစ်သေးဘူး နောက်ပြီးသူကလေးကိုသူချစ်တဲ့လူစီကနေပဲလိုချင်းတယ် ကိပေါ်ကစိတ်ရှုပ်ထွေးလွန်းနေတာကြောင့်နန်းတော်ကထွက်လို့ သူစိတ်ချမ်းမြေ့ရာ တောစပ်နားက‌မက်မွန်ပင်စီကိုသွားပြီးအနားယူဖို့တွေးလိုက်တယ် ရိပေါ်ကစိတ်ညစ်နေပေမယ့် သာယာနေတဲ့ရာသီဥတုကြောင့်စိတ်အခြေနေကနည်းနည်းတော့ပြန်အဆင်ပြေလာတယ် ဒါကြောင့်လဲ ဈေးထဲကပြေးလွှာဆော့ကစားနေတဲ့ကလေးတွေကို ဒုတ်ထိုးချိုချဉ်ဝယ်ပြီး တစ်ယောက်တစ်ခုစီဝေပေးလိုက်တယ် ကလေးအကုန်ဝေပေးလိုက်ပြီးမှ လက်ထဲမှကျန်တဲ့ချိုချဉ်နှစ်ခုကိုကိုင်ပြီး ရိပေါ် မက်မွန်အပင်ကြီးစီပြန်ထွက်လာလိုက်တယ်

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now