Chapter 2 ♡

867 80 6
                                    

(Unicode)

ပျားခဲ ၊ မေပဲ ၊ နှမ်းတို့နဲ့လုပ်ထားတဲ့ သကြားလုံးတုတ်ထိုးကိုစားနေတဲ့ရှောင်းကျန့်ကို ရိပေါ်ကတစ်စိမ့်စိမ့်ထိုင်ကြည့်နေရင် သကြားရည်တွေပေကျံနေတဲ့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးကို ဖွဖွလေးသုပ်ပေးတယ်

"ဒီနေ့ဖြူလုံးလေးကိုစိတ်ကောက်အောင်လုပ်မိတဲ့အတွက် ပြန်ချော့တဲ့အနေနဲ့ ဖြူလုံးလေးစားချင်းတာမှန်သမျှလိုက်ကြွေးမယ် ဟုတ်ပြီးလား"

"တကယ်ပြောတာလား သခင်လေး"

"တကယ်ပါဗျ ပြောပါအုန်းကိုယ်ဖြူလုံးလေးကဘာစားချင်းလဲဆိုတာ"

"ကျွန်တော် အသားများများနဲ့ခေါက်ဆွဲပြုတ်စားချင်တယ် အသားပေါက်ဆီ‌ရော ပဲပေါက်ဆီရောစားချင်းတယ် မုန့်ချိုတွေရောထပ်စာချင်းတယ် နောက်ပြီး ထန်တလုလဲစားချင်းတယ်"

"ကောင်းပြီး ဖြူလုံးလေးစားချင်တာအကုန်လုံးဝယ်ကြွေးမှာမလို့ ကိုယ်ကိုစိတ်မကောက်ရတော့ဘူးနော်ဖြူလုံးလေး"

"ဟုတ်ကဲ့ ကျွန်တော်သခင်လေးကိုလုံးဝစိတ်မဆိုးတော့ဘူး ဟီး"

သွားတွေပေါ်တဲ့ထိရယ်ပြနေတဲ့ရှောင်းကျန့်ခေါင်းကိုရိပေါ်ကပွတ်သပ်‌လိုက်မိတယ် ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲလိုက်ပြီး ဈေးတန်းထဲကိုပြန်ဝင်လာလိုက်တယ် ဈေးတန်းထဲရောက်တာနဲ့အရင်ဆုံးခေါက်ဆွဲဆိုင်ကိုရှာပြီး ဆိုင်ကိုတွေ့တာနဲ့လူရှင်းတဲ့ထောင့်ဖက်နေရာလေးမှာ ဝင်ထိုင်လိုက်တယ်

"သခင်လေးတို့ ဘာများသုံးဆောင်မလဲခဗျာ"

"အသားပေါက်ဆီနှစ်လုံး ပဲပေါက်ဆီနှစ်လုံးနဲ့အသားများများနဲ့ခေါက်ဆွဲနှစ်ပွဲပေး ဪ ရေနွေကြမ်းအရင်ချပေးနော်"

"ဟုတ်ကဲ့ခဗျာ"

ရိပေါ်က ရှောင်းကျန့်နဲ့သူအတွက် အသားများများနဲ့ခေါက်ဆွဲမှာလိုက်ပြီး ရေနွေကြမ်းပါမှာလိုက်တယ် ခဏလောက်နေတော့ စားပွဲထိုးကောင်လေးက သူပြောတဲ့အတိုင်း ရေနွေကြမ်းအိုအရင်လာချပေးတယ် ရိပေါ်ကရေနွေနှစ်ခွက်အရင်ထည့်လိုက်ပြီး တစ်ခွက်ကိုအေးအောင်ထိမှုတ်ပြီး ရှောင်းကျန့်ရှေ့ချပေးလိုက်တယ် ဒါက သူတို့နှစ်ယောက်တစ်ခုခုစားလို့ရေနွေးကြမ်းမှာတိုင် ရှောင်းကျန့်အတွက်ရိပေါ်လုပ်ပေးနေကြအရာဖြစ်တယ်

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now