Chapter 9 ♡

368 25 1
                                    

(Unicode)

မကြာခင် ဆိတ်ကမ်းကပ်တော့မယ် လှေကြောင့် တစ်ဖက်ကကမ်းကိုကြည့်ရင် ရှောင်းကျန့်ကရင်တွေအရမ်းခုန်နေတယ် 10စုနှစ်တစ်ခုကြာပြီးမှ မွေးရပ်မွေကိုခြေပြန်ချရတဲ့ခံစားချက်ကရှောင်းကျန့်အတွက်တော့ပြောမပြတက်အောင်ကိုတမျိုးလေးဖြစ်နေတယ်

"ကျန့်ကျန့် မားရဲ့ကလေးလေ"

လှေပေါ်ကအဆင်း ကျိုးချန်ကလက်ကမ်းပေးလာတာမို့ ကျိုးချန်ရဲ့လက်ကိုတွဲလိုက်ပြီး ရှောင်းကျန့်ကဖြေးဖြေးချင်းလှေပေါ်ကဆင်းလိုက်တယ် သူကိုမြင်တာနဲ့ပြေးလာတဲ့မားကို ရှောင်းကျန့်ကပွေ့ဖက်ထားလိုက်တယ် နွေးထွေးလွန်းတဲ့သူမားရဲ့ရင်ခွင်ကို သူ့အရမ်းလွမ်းနေတာ

ပွေ့ဖက်ထားရင်း အလွမ်းသယ်နေတဲ့ရှောင်းကျန့်တို့သားမိကိုကြည့်ပြီး ကျိုးချန်နဲ့ယွီချင်းမှာ ပြိုင်တူပြုံးလိုက်မိကြတယ်

"မား ဦး‌ရီတော်"

"ကြည့်ပါအုန်း မားသားလေးကချောလာလိုက်တာများ"

"ဟွန့်!! မားပြောပုံကလည် အရင်တုန်းက ကျန့်ကျန်ကရုပ်ဆိုးနေတာကြ"

"မဟုတ်ပါဘူးရှင့်ရယ် အရင်ကထက်အခုကအများကြီးပိုချောလာတာလိုပြောတာပါရှင့်"

"ဟီး"

"ဒီသားမိတွေအိမ်ရောက်မှအလွမ်းသယ်ကြတော့ ကျန့်ကျန့်လဲပင်းပန်လာရောပေါ့"

"ဟုတ်ကဲ့"

ရန်ဖန်းပြည်ကနေ ဝမ်ထရမ်းပြည်ကို 3ညအိပ်4ရက်လှေစီးရတာမို့ ရှောင်းကျန့်တို့ကတကယ်လဲအရမ်းပင်ပန်းနေပြီးဖြစ်တာကြောင့် ရှောင်းရန်ချင်းရဲ့စကားကိုအမြန်ခေါင်းညိမ်လက်ခံလိုက်တယ် အရင်တုန်းကလိုကုန်းလမ်းနဲ့သာလာရမယ်ဆိုရင်ရှောင်းကျန့်တို့ပင်ပန်းလွန်းလိုသေရချည်ရဲ့ ရှောင်းကျန့်ရယ် သူ့မားရယ် ယွီချင်းရယ်က မြင်းလှည်းတစ်စီး ၊ ရှောင်းရန်ချင်းနဲ့ကျိုးချန်က မြင်းလှည်တစ်စီးဖြင့် ရှောင်းအိမ်တော်ကိုသာအရင်ပြန်လာလိုက်ကြတယ် ရှောင်းကျန့်နဲ့ယွီချင်းကတော့ တစ်လမ်းလုံး ဟိုငေး ဒီငေးနဲ့သာ ရှောင်းအိမ်တော်ကိုရောက်လာရတယ် ဝမ်ထရမ်းပြည်က တကယ်ကိုဖန်ရန်းပြည်ထက်အစပေါင်းများစွာပိုစီကားလာတာကြောင့် ရှောင်းကျန့်မှာပါးစပ်အဟောင်းသားနဲ့အံဪနေရတယ်

ရှောင်းအိမ်တော်ရောက်တာနဲ့ကျိုးချန်ကရှောင်းကျန့်တို့ကိုဒီနေ့တော့အရင်အနားယူပြီး နောက်နေ့တွေမှသာ မြို့ထဲလိုက်ပြဖို့လာခေါ်မယ်လို ဂိတိပေးလိုက်ပြီး သူ့အိမ်တော်ကိုပဲအရင်ပြန်လာလိုက်တယ် ရှောင်းကျန့်ကိုစိတ်မချတာကြောင့် သေချာဂရုစိုက်ဖို့ ယွီချင်းကိုလဲမှာထပ်ခါတလဲလဲမှာနေမိတာကြောင့် ယွီချင်းစီကမျက်စောင်းထိုးတာပါခံလိုက်ရသေးတယ်

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now