အဖြူရောင်ခန်းမကြီးအလယ်...
ဝင့်ထည်စွာရပ်နေတဲ့ အမျိုးသားနှစ်ဦး
တူညီတဲ့ suit အဖြူလေးတွေနဲ့သူတို့နှစ်ယောက်ဟာ အများအမြင်မှာတော့ သိပ်လိုက်ဖက်လှသည်ပေါ့...သူတို့ချစ်ခြင်းတွေသာ ထပ်တူကျမယ်ဆိုရင်ဖြင့် ပိုပီးလှပမှာပင်...
တစ်ယောက်ကတော့ တစ်ယောက်ကို ချစ်ခြင်းမေတ္တာတွေနဲ့ နူးညံ့စွာစိုက်ကြည့်နေပေမဲ့...နောက်တစ်ယောက်ကတော့ အေးစက်စွာပင် တုန့်ပြန်လေ၏
"သတို့သား Haruto Watanabeသည် သတို့သား Park Jeongwooအပေါ် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ..ကျန်းမာသည်ဖြစ်စေ ..နာဖျားသည်ဖြစ်စေ ..အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ မခွဲအတူရှိကာ သက်ဆုံးတိုင် ခင်ပွန်းသည်အဖြစ် လပ်ထက်ပေါင်းသင်းမည်ဟု ကတိပေးမည်လော?"
"ကတိပေးပါတယ်"
Haruto က Jeongwoo ရဲ့ မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း ကတိပေးလိုက်၏""သတို့သား Park Jeongwoo သည် သတို့သား Haruto Watanabe အပေါ် ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ..ကျန်းမာသည်ဖြစ်စေ ..နာဖျားသည်ဖြစ်စေ ..အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ မခွဲအတူရှိကာ သက်ဆုံးတိုင် ခင်ပွန်းသည်အဖြစ် လပ်ထက်ပေါင်းသင်းမည်ဟု ကတိပေးမည်လော?"
"....ကတိပေးပါတယ်"သူ့မျက်ဝန်းတွေက သိပ်အသက်မဲ့သည်...
ဖာသာဟာ ဘာတွေဆက်ရေရွတ်နေလဲ Harutoမကြားပါ...သူ့အာရုံတွေက Jeongwooရဲ့ colemn Face စီမှာသာ"...အကြင်နာပေးနိုင်ပါပီ"
Haruto... Jeongwooမျက်နှာနားတိုးကပ်သွားပီး ၂စင်တီလောက်အကွာတွင် ၂ဦးတည်းသာကြားရသောအသံဖြင့် Jeongwooက တီးတိုးဆိုသည်
"နှုတ်ခမ်းကိုမနမ်းနဲ့"
သူမျက်ဝန်းတွေကိုကြည့်မိတော့ အေးစက်ကာ ခက်ထန်နေသည်....အရွဲ့တိုက်ပီးနမ်းလိုက်ချင်ပေမဲ့ ရွှေစိတ်တော်ညှိုးမှာဆိုးရသည်မို့ ပါးပြင်လေးကိုသာ ဖွဖွအနမ်းချွေမိသည်
ထွက်ပေါ်လာတဲ့ လက်ခုပ်ဩဘာသံတွေနဲ့အတူ ကျုံသွားတဲ့ Jeongwooရဲ့ eyebrowsလေးတွေ
မြတ်နိုးရတဲ့မျက်နှာေတာ်က တင်းမာလို့နေသည်
Jeongwooလက်ကို Harutoကဆွဲကိုင်ကာ ပရိတ်သတ်ဘက်လှည့်လိုက်ချိန်တွင်တော့ Jeongwooနှုတ်ခမ်ထိပ်တို့ဟာ ကော့တက်လို့သွားသည်....