07

367 53 77
                                    


Bern မြို့မှာလည်ပတ်ပီးနောက် Zürich မြိုသို့ location ပြောင်းရွှေ့ခဲ့ကြသည်..

"ya မင်း မြန်မြန်ပြင် ငါပျင်းနေပီ"

Haruto ရဲ့တစ်နေ့တာ ဟာ Jeongwoo အော်သံလေးနှင့်စတင်ခဲ့သည်..
"ခနလေးပါပဲ my wooရဲ့"

လိမ်းလက်စ creamကို လိမ်းရင်း... Harutoကပြန်ဖြေသည်..လိမ်းပီးသည်နှင့် ဆံပင်တွေကိုဖွလိုက်၏

messy ဆန်ဆန်နဲ့ဆံပင် တွေနဲ့သူက အမြင်ကတ်စရာကောင်းလောက်အောင်ကိုကြည့်ကောင်းပါသည်
"မနာလိုလိုက်တာ"
"ဟင်? ငါ့ကိုလား?"

သူကိုယ်သူ လက်ညှိုးလေးထိုးရင်းပြန်မေးသည်..
"အေးလေ..ဒါနဲ့ ဒီနေ့မင်းအရမ်းချောနေတယ်"
"ဘာတွေပြောနေတာလဲ ငါကအမြဲချောနေတာကို"

Jeongwooရယ်မိပါသည်...ထိုလူသားဟာလေ...



At. Zoo Zurich

Jeongwooတစ်ယောက်တော့မကျေမနပ်ဖြစ်လို့နေ၏...အကြောင်းက ဝင်ခွင့်ဈေးကြီးလို့

Harutoကတော့ Jeongwooကိုကကြည့်ပီးရယ်ရုံလွဲလို့ကျန်တာ မလုပ်နိုင်ပါ...

"မင်းစဉ်းစားကြည့်ကွာ အကောင်တွေကြည့်ဖို့ ဝမ်၂သောင်းကျော်ပေးရတယ်ဆိုတာက လွန်ဘူးလား"

"ကဲ CEO Watanabe. ရယ် 18 USD. ပါပဲကွာ"
"ဘာ!! Haruto မင်းငါ့ကို ဘယ်လိုခေါ်လိုက်တာ..."
"CEO Watanabeအဲ..CEO Park"

ပီးရောဆိုတဲ့ရုပ်နဲ့ကြည့်ကာ အကောင်တွေတစ်ကောင်ပီးတစ်ကောင်ကြည့်လို့နေသည် စောနက မတန်ဘူးအော် တာသူမဟုတ်တဲ့အတိုင်း

ငှက်တွေထားတဲ့နေရာရောက်တော့...
"Ruto ruto ruto luto"
"ပြောလေ"
"ခိုကို ကိုရီးယားလိုဘယ်လိုခေါ်တာလဲ"

Harutoက မျက်လုံးလေးတွေမှိတ်သည်အထိရယ်သည်
"ကိုရီယားလေးက ဂျပန်လေးစီမှာ ကိုရီးယားစာသင်နေတာလေ"
"Ya~~ငါက Londonမှာကြီးးတာလေကွာ"

"ဟုတ်ပါပီ 비둘기 (ဘီဒူလ်းဂီ )လို့ခေါ်တယ်"

Jeongwooကစာလုံးလေးကိုသေချာမှတ်နေသည်

Zooကိုလည်ပတ်ပီ‌းတော့ Swiss national museum..ကိုဝင်စပ်စုသည်... FIFA museumကိုလဲ Park Jeongwoo ဟာချန်ထားခြင်းမပြုပါ..... Zurich opera houseနဲ့ Lindenhofတို့ကိုပါရောက်အောင်သွားသည်... googleကရှာထားတာတွေတဲ့လေ

Because..I Love You Where stories live. Discover now