04

378 60 65
                                    

"ဘာတွေအဲ့လောက်တေွးနေတာလဲ"
Haruto စကားကြောင့် အတွေးရေယာဉ်မှ Jeongwoo ရုန်းထွက်မိသည်
"ဒီလိုပါပဲ"

စိတ်ထိန်း Jeongwoo ...ငါလက်ရှိမှာ အာရုံစိုက်ရမှာ Haruto ပဲ..သူကငါ့ခင်ပွန်း ...မင်း ruruကိုတွေးတွေးနေတာက ဖောက်ပြန်မှုပဲ

နေပါအုံး Haruto နာမည်ကလည်း ruပါတာပဲ ...အဲ မဖြစ်နိုင်ပါဘူးလေ ...

Haruto စကားပြောတဲ့ပုံစံနဲ့Ruruစကားပြောတဲ့ပုံနဲ့ကမတူဘူး..Haruto က စကားပြောပြေသည်...သူ့ရဲ့ruruကောတ့ စကားပြောမာကာ ပြတ်သည်

ပီးတော့ ruru ဟာဂျပန်ဖြစ်သည်ဟု တစ်ခါမှမပြောဖူးခဲ့ပါ... Harutoရဲ့ လက်ဖျံမှာ မှည့်ရှိပေမဲ့ ruruရဲ့လက်ဖျံမှာ မှည့်မရှိတာ သေချာမှတ်မိသည်... ပီးတော့ ပိုသေချာစေတဲ့အချက်က ruru လက်ကောက်ဝတ်က ကန့်လန့်ဖြတ်အမာရွတ်လေး Harutoလက်မှာမရှိတာသေချာသည်...
နောက်ဆုံးတစ်ခုက ruruက တစ်ဦးတည်းသောသား.. Harutoမှာက ၄နှစ်ငယ်တဲ့ ညီလေးနဲ့ ၉နှစ်ငယ်တဲ့ ညီမလေးရှိသည်

အော် ငါ ruတွေနဲ့တော်တော် ကံစပ်ပါ့လား...

"ဒါနဲ့ မင်းဒီနေ့ jaehyuk Hyungစီသွားမှာမလား?"
"အွန်း"
"လိုက်ခဲ့ပေးမယ်"
"အားလို့လား.."

ခေါင်းကို ၂ချက်ဆက်ညိမ့်ရင်း Jeongwooပေးလိုက်တဲ့ Grapefruit juiceကိုအရသာခံသောက်နေသည်

Oversized T-shirtနဲ့ ဆံပင်တွေကိုချထားတဲ့သူက ၂၆နှစ်အရွယ် အမျိုးသားတစ်ယောက်နဲ့မတူပဲ ၁၈နှစ်အရွယ် ကောင်လေးနဲ့သာတူသည် ...ညကလို အော်ရာတွေမရှိပဲ ပကတိ အေးချမ်းလျှက်...

"ကျေးဇူးပဲ Jeongwoo..."
"ရတယ်"
"ဒါမင်းအတွက် ...ညကပေးမလို့ပေမဲ့ မင်းငါ့ကို တံခါးပိတ်သွားလို့ ...နံပါတ်က မင်းမွေးနေ့ပဲ "

Harutoကမ်းပေးလာတာ Black cardတစ်ခု...ဘာလားဟ sugar daddyလား
" အဲ့တာ များလွန်းတယ် "
"မင်း ယူလို့ရပါတယ် အမှုကလဲ ငွေများငွေနိုင်လေ ...ကျန်တယလဲ မင်း သုံးချင်တာသုံးရတယ်ပေါ့"
"ဂိုမာဝေါ ဒါပေမဲ့ ငါတကယ်မလိုချင်ဘူး"
"ယူပါ...မင်းမယူရင်...ဘာမှ လုပ်မပေးနိုင်ဘူးဆိုပီးစိတ်မကောင်းဖြစ်နေရမယ်...သက်‌ေသရှာတာ အပြင်ငါလုပ်ပေးနိုင်တာ ဒါပဲရှိတာလေ"
"မင်း ငါ့ကို စိတ်မဆိုးဘူးလား?"
"ဟင်"

Because..I Love You Where stories live. Discover now