06

362 52 57
                                    

Bibimbapကို နယ်ပေးနေသူအားကြည့်ကာ မေးခွန်းအချို့ထုတ်မိပါ၏...

"ဘယ်သွားနေတာလဲ..?"
"Switzerland..."
"ရောက်တော့မှာလား?."
"နောက် ၁နာရီလောက်မှ ရောက်မှ"
"ငါမင်းကို စိတ်တိုနေတုန်းပဲ"
"စိတ်တိုနေရင်......ငါကို ကိုက်ဆွဲမလား?"
"ဘာ??"
"ငါ့ညီမလေး ငယ်ငယ်ကစိတ်တိုရင် ကိုက်ဆွဲတာလေ.."
"မင်း..."

ပြောစရာစကား ပျောက်ဆုံးသွားတာမို့ အနှီလူသားပေါင်ကိုရိုက်လိုက်တော့ ရယ်လို့သာနေသည်...ဘယ်လိုတောင် မျက်နှာပြောင်မှန်းမသိဘူး
"လက်ပေး..."
"ဟင်?"
"ကိုက်ဆွဲဆို ကိုက်မလို့ လက်ပေး"

ဆိုတော့ စကားမဆိုပဲ ဝတ်ထားတဲ့ shirtအဖြူကို တံတောင် ရောက်သည်အထိ ဆွဲတင်ပေးသည်...

အတော်လေးစိတ်တိုနေသေးသည်မို့ သူ့ကိုနှိပ်စက်ချင်တာနဲ့ လက်ဖျံကို ခဲထားလိုက်သည်...

Harutoကတော့ မရုန်းသလို့ အသံလည်းမထွက်ပါ...မျက်ခုံးတစ်ချက်တွန့်ရုံက လွဲလို့ကျန်တဲ့ reactionမပေး..

ကိုက်ထားတာကိုလွှတ်လိုက်တော့ Harutoလက်ဖျံမှာ သွားရာအကွင်းလိုက်..အချို့နေရာ သွေးလေးတွေတောင်စို့လို့
(သူတော်တော်လေးဆိုးနေတာ)

" Sorry ...နည်းနည်း-"
စကားကိုပီးအောင်ပြောခွင့်မပေးပဲ ဖြတ်ပေြာလေသည်
"ဘာမှဖြစ်ပါဘူး...ကဲ စိတ်တိုတာ ပြေပီလားဗျ?"
"အင်း.."
"စားလိုက်အုံး ဗိုက်ဆာနေတယ်ဆို"
"အင်း"

Bibimbapကိုစားရင်း ကြည့်လိုက်တော့ Harutoဆံပင်တွေက blonde အရောင်ပြောင်းထားသည်

"ဆံပင်ဘာလို့ ဆေးဆိုးထားတာလဲ?"
"ဆိုးချင်လာလို့..တော်တော်များက လိုက်တယ်ပြောကြတယ်....My wooကောဘယ်လိုထင်လဲ? "
"မလိုက်ဘူး..မကြိုက်ဘူး.."

Harutoက ပြူးကြောင်ကြောင်လေးပြန်ကြည့်လာသည်
"ပြန်ဆိုးလိုက် အဲ့အရောင်ကြီးငါမကြိုက်ဘူး.."
"အာ...အင်းပါ ငါ ပြန်ဆိုးလိုက်မယ်"
"အပြာရင့်ရောင်လေးဆိုး"
"Your wish is my commandပါ Your majesty"

စေလိုရာစေပါကွာ..မင်း င့ါအသက်ကို လိုချင်တယ်ဆိုရင်တောင် စက္ကန့်မဆိုင်း ငါပေးပါ့မယ်...နှလုံးသားအရှင်ရယ်



Bern မြို့မှာလေယာဉ်ဆင်းသည် နှင့် Strahlt hotelကို သွားလိုက်သည် Harutoပြောပြပုံအရ တစ်ခြားမြို့သွားပီးပြန်လာလဲ ဒီမှာပဲနေမှာတဲ့ သူ့အသိပိုင်တာတဲ့လေ

Because..I Love You Where stories live. Discover now