02

467 67 60
                                    

"ထိုင်ပါ..."
Haruto က ထိုင်ပီး အနားရောက်လာတဲ့ waiter လေးကို ရေသာ မှာလိုက်၏

တိတ်ဆိတ်နေတာမို့ Jeongwoo,ကပဲ
"ဘာလို့တွေ့ချင်တာလဲ?"
"ကမ်းလှမ်းမှုတစ်ခုလုပ်မိလို့? "

Jeongwoo...Haruto ရဲ့ မျက်လုံးတွေကိုစိုက်ကြည့်လိုက်မိသည် ထိုလူကအသာပြုံးရင်း

"မင်းရဲ့ လက်စားချေမယ်အစီအစဉ်တွေသိပါတယ်..."

နောက်ထပ် စကားကိုစောင့်နေပေမဲ့ မလာသည့်မို့
"Mr. Watanabe. ဒီကိစ္စက ခင်များနဲ့ ဘာဆိုင်လို့လဲ သိနေလဲမသိသလိုနေပါ..."

Jeongwooလဲ အချိန်ကုန်မခံချင်တာမို့ နေရာမှထပြန်မလို့ပေမဲ့ စကားတစ်ခွန်းကြောင့် ရပ်တန့်သွားသည်
"ကူညီမယ် အစအဆုံး"
"ဘာ.."

Harutoဟာ Jeongwooပြန်မေးတာကို မဖြေပဲ အေးအေးလူလူသာ ကြည့်နေသည်
"မင်းနားလည်ပါတယ်"
"အလကားတော့မရလောက်ဘူးထင်တယ် မင်းက စီးပွားရေးသမားပဲ ငါပြန်ပေးရမှာကလဲဘာလဲ..."
"၃နှစ်...၃နှစ် မင်းငါ့ယောက်ျား အဖြစ်နေရမယ်".
"ဘာာ...မင်းရူးနေတာလား"
"မင်း ဘယ်လိုထင်လဲ?"
"အဟက် ငါတို့ တွေ့တာ ခုမှ ၂ခါမြောက်လေ "
"ငါကတော့ မင်းကိုကောင်းကောင်းသိပါတယ် "
(Rutoက woo. အကြောင်းကို အသာလေးစုံစမ်းနိုင်ပါတယ်ရှင်)

Jeongwooစကားပြောခြင်းကင်းမဲ့စွာစဉ်းစားနေမိသည်
"မင်းလက်ခံမှာလား"
"မင်းဘက်က ကူညီပေးမယ်လို့ ဘာကြောင့်အတိအကျပြောနိုင်ရတာ ဘယ်လိုနည်းလမ်းနဲ့ကူညီမှာလဲ အဲ့တာသာပြောရင် ငါမင်းလိုချင်တဲ့အဖြေကိုပေးမယ်"

"မင်းက Min janghyukကိုဖြုတ်ချချင်တာမလား..မင်းမိဘပိုင် ပြန်ယူမယ်လေ.."
Harutoက စကားကိုခနရပ်ရင်း သူ့ အင်္ကျီအိတ်ထဲက stickတစ်ခုကိုပြသည်
"ဒီ stick ထဲမှာ Min janghyukလုပ်ထားတဲ့ မကောင်းမှုမှန်သမျှ သက်သေအစုံရှိတယ် ...ကျိန်းသေပေါက် တစ်သက်တစ်ကျွန်းကျစေနိုင်တယ် ... ပီးတော့ မင်း companyကိုရယူနိုင်အောင်ကိုလဲ နာမည်ဝှက်နဲ့ ဝယ်ထားတဲ့ share 20%ကို လက်ထပ်ပီးတဲ့ညမှာပဲ လွှဲပြောင်းကြောင်း ငါလက်မှတ်ထိုးပေးမယ် "
ဆိုရင်း စာချုပ်တစ်ခု ထုတ်ပြလာသည်

Jeongwooဖြေးညင်းစွာရယ်လိုက်မိသည်
"ဒီလောက်ဆို မင်းဘာသာ Alderကို ရယူနိုင်တာပဲ ဘာကြောင့် ငါ့ကို ကူနေသေးလဲ"
"ဘာဖြစ်လို့လဲဆို မင်းကမင်းဖြစ်နေလို့လေ ကဲ မင်းငါ့ကိုအဖြေပေးရပီ"

Because..I Love You Where stories live. Discover now