ထွက်သွားတဲ့ lutoရဲ့ကျောပြင်ကိုကြည့်ကာ ...ဆောက်တည်မှုကင်းမဲ့စွာထိုင်ပီးငိုချမိသည်...
ငိုပီးရင်းငိုနေမိသည်ကြား Haruto ကိုတွေးဖြစ်အောင်တွေးမိသေးသည်...သူသာရှိရင်"ဘာလို့ငိုနေတာလဲကွာ"လို့ဆိုရင်း မျက်ရည်တွေကိုဖွဖွသုတ်ပေးမှာပင်
"အဟားးး "
အရွဲ့တိုက်စွာရယ်လိုက်ပါ၏...
နာကျင်နေတဲ့ နှလုံးသားကို ရင်ဝယ်ပိုက်ကာ သူ့အငွေ့အသက်တွေရှိနေတဲ့အိပ်ရာနားသွားမိတော့ တစ်စုံတစ်ခုကို ခလုတ်တိုက်မိသည်...ထိုအရာက Diary စာအုပ်ကလေး..စောနက စာအုပ်ရှာတုန်းရင်း ပြုတ်ကျခဲ့တာဖြစ်မည်...
ဘာရယ်မဟုတ် ဖွင့်ကြည့်မိတော့ Haruto ရဲ့ လက်ရေးလှလှတွေ...
၁၂.၁ .၂၀၂၂
*ရေရေရာရာမရှိတဲ့နေရက်တွေကို မှတ်မထားချင်တာမို့ Diary မရေးဖြစ်တာတော်တော်ကြာပီ...ဒါပေမဲ့ သိပ်ချစ်ရတဲ့ Jjeong Jjeongieကိုပြန်တွေ့ခဲ့တာမို့...ပြန်ရေးဖို့ဆုံးဖြတ်လိုက်ပီ...Jjeong Jjeongieက မမှတ်မိဘူးထင်တယ်..စိုက်ကြည့်နေတာတွေ့တော့ ...ခေါင်းလေးငုံကာ နှုတ်ဆက်တယ်..အလှုပ်ရှုပ်နေပုံလေးကို အဝေးက လှမ်းကြည့်နေမိတယ်...ဒီတစ်ေခါက်တော့ ထွက်သွားခွင့်မပေးတော့ဘူး Jjeong Jjeongie...စောနက ပို့လာတဲ့ PA ထားတာတွေအရဆို လက်စားချေဖို့ကြံနေတာပဲ...စုထားတဲ့သက်သေတွေကလည်းအဆင်သင့်ရှိနေတာမို့.. ကူညီပေးရင်ကောင်းမလား..အင်းး ကူညီလိုက်မယ် ..."
၁၃.၁.၂၀၂၂
*Jjeong Jjeongieကိုချိန်းလိုက်ပေမဲ့...ဘယ်ကစပြောရမယ်မသိဘူး...ပြောရင်းနဲ့ လက်ထပ်ဖို့ထိ ပြောမိသွားတယ်...မရည်ရွယ်ပေမဲ့...ပြန်တော့ မရုတ်သိမ်းချင်ဘူး သိပ်ချစ်လို့ပါကွာ..*
၁၈.၁.၂၀၂၂
* Jjeong Jjeongieကိုနောက်ဆုံးတော့အပိုင်ရခဲ့ပီ ဆူပုတ်ပုတ်လေးနဲ့ သိပ်အသည်းယားစရာပဲ...မင်းချစ်ရတာဘယ်သူများလဲ...မင်း Ruruကိုမေ့ပီပေါ့ ;( ..ပေးခဲ့တဲ့ ကတိတွေကိုလည်းမေ့ ပီပေါ့..မင်းတကယ် လူဆိုးကွာ*
Ruru !!!
မင်းတကယ် ruru လား Haruto!စာအုပ်ရဲ့ နောက်တစ်မျက်နှာကိုလှန်မိတော့...
ဓာတ်ပံုလေးတစ်ပုံ ကပ်လို့ထားသည်...
![](https://img.wattpad.com/cover/324439128-288-k179504.jpg)