12(Final)

576 53 50
                                        

Jeongwooရဲ့အဘိုးဖြစ်သူစီသွားမဲ့ခရီးက မနက်ဖြန်မို့ Harutoမှာ စိတ်လှုပ်ရှားမှုကြောင့် အိပ်မရ
"ဘာဖြစ်နေတာလဲ luto အိပ်မပျော်ဘူးလား?"
"အွန်းး ငါ့ကြောင့်နိုးသွားတာလား?"

Jeongwooကပြန်မဖြေပဲ
"ဘာဖြစ်လို့လဲ? မျက်စိကြောင်နေတာလား?"
"မဟုတ်ဘူး စိတ်လှုပ်ရှားနေတာနဲ့ အိပ်မပျော်တာ"
"Grandpaနဲ့တွေ့ရမှာမို့လား?"
"အင်း ငါ့ကိုသဘောကျပါ့မလား?"
"သူသဘောကျမှာပါ"

Jeongwoo ကစကားပြောရင်း သူတို့ကြားက ခြားနေတဲ့ နေရာကိုတိုးလို့လာသည်

ပီးတော့ သူ့နဖူးကိုနမ်းရင်း
"အိပ်တော့ ဘာမှအများကြီးမတွေးနဲ့ "
ဟုဆိုကာ သူ့ရင်ခွင်ထဲ ဆွဲဖက်ထားပီး နောက်ကျောကို ဖွဖွ ပွတ်ပေးနေ၏...

Harutoလဲ ချစ်သူ့ရင်ခွင်ထဲမှာအိပ်စက်ရင် တစ်ညတာ အိမ်မက်တွေ လှပခဲ့လေသည်
.
.
.
"ဘာဖြစ်နေတာလဲ"
"On edge "
"ဘာမှမစိုးရိမ်နဲ့ ..အေးဆေးပေါ့"

12နာရီခန့်ကြာတဲ့ Fight အပြီးမှာ Jeongwoo ကြီးပြင်းခဲ့တဲ့ London မြို့ကို ခြေချလိုက်ရသည်...
.
.
.
သူ့ တုန်းကနဲ့ မတူစွာပဲ အစိုးရိမ်ပိုနေသော lutoကို ရယ်ချင်မိသလို သနားလဲသနားမိပါသည်..

သူတုန်းက မာမားတို့က ဘယ်လောက်တောင် နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့တာလဲ..လွတ်နေတဲ့ လက်တစ်ဖက်နဲ့ ထိုလူသားလက်ကိုဆွဲကာ  apartment ၏ ဒုတိယထက်ကို တက်ခဲ့လိုက်သည်

လူခေါ်ဘဲလ်ကို တီးလိုက်ချိန်မှာ ထိုလူသားလက်တွေက ပိုပီးအေးစက်လို့လာသည်...

"Justin?"
"Grandpa"
"မင်းပြန်လာသေးသားပဲ ဝင်ခဲ့လာ"

သူနဲ့ Grandpa ဆက်ဆံရေးကို မြင်လိုက်တော့ ထိုလူသားလက်တွေဟာ ရေခဲတုန်းအလား

"တကယ်ကို လုပ်ချင်တာလုပ်ခဲ့တာပဲ.."
"သူကူညီလို့ ကျွန်တော် လက်စားချေတာအဆင်ပြေခဲ့တာလေ"
"Harutoဆိုတာ  အဲ့ကောင်လေးလား ?"

Jeongwooက Harutoဘက်လှည့်လာပီး ကိုရီးယားစကားဖြင့်
"နှုတ်ဆက်လိုက်အုံး luto"
"တွေ့ရတာ ဝမ်းသာပါတယ် ဗျ.."
"Glad to see you မင်းက Enisရဲ့ MDပေါ့"
"ဟုတ်ပါတယ်"
"Alderက မင်းရဲ့ပြိုင်ဘက်ဆိုပေမဲ့ ‌မင်းဘက်က ကူညီပေးဖို့ မျှော်လင့်ပါတယ် Justinကိုလဲ စောင့်ရှောက်ပေးပါ ခုတော့ သွားနားကြတော့"

Because..I Love You Where stories live. Discover now