"luto"
ဟုတ်ပါတယ် lutoပါ..မာမားတို့အိမ်ကပြန်လာကတည်းက အဲ့နာမည်ကိုခေါ်နေတာ ခုဆို တစ်လလောက်တောင်ရှိပီ..."အွန်းး ပြောလေ..."
"ငါ့လက်ကို ကိုင်လိုက်"
Haruto ... Jeongwoo လက်ကိုကိုင်လိုက်တော့...
"ငါ့လက်ကို ကိုင်ခွင့်ပြုမှာမို့ တစ်ခြားလူလက်ကိုမကိုင်နဲ့ "
"အမ်?"ဒီနေ့ Jeongwooနေ့လည်စာထွက်စားတုန်း Harutoကိုအမျိုးသမီးတစ်ယောက်နဲ့တွေ့လိုက်သည်ပင်..
အရောင်စုံခြယ်မျက်နှာနဲ့ S line. Bodyက သေချာပေါက် ပုရိသတို့အားနည်းချက်ဖြစ်မှာပင်
အတူတူထမင်းစားနေသည်မို့ လုပ်ဖော်ကိုင်ဖက်များဖြစ်နေမလား...သွားနှုတ်ဆက်သင့်လား စဉ်းစားမိပေမဲ့.. Jeongwoo စဉ်းစားနေတုန်းမှာပဲ ထိုလူသားနှစ်ယောက်ထထွက်သွားသည်
နေပါအုံး!! ဘာလို့လက်က ကိုင်ထားရတာလဲ!!
"Jeongwoo ya..ဘာဖြစ်နေတာလဲ? "
"ဘာမှမဟုတ်ဘူး"
"ဘာမှ မဖြစ်ရင် ပီးရောဗျာ..."Jeongwoo ခေါင်းကိုဖွဖွ ပုတ်ကာ အိပ်ခန်းထဲဝင်သွားသည်...
သူဖောက်ပြန်နေတာလား?..မဟုတ်လောက်ပါဘူး.. Harutoက အဲ့လိုလုပ်မဲ့သူမဟုတ်ဘူး...
(A/N ...Harutoက သူစိတ်နဲ့သူ အဲ့လိုလုပ်မဲ့သူ လုံးဝမဟုတ်ပါဘူး)
။
။
။
"Jeongwoo..ငါသွားေတာ့မယ် .."
"မနက်စာ မစားတော့ဘူးလား...ငါပြင်ထားပေးတယ်"
"ဟင့်အင်း.. Western က ပါတနာတွေနဲ့ meetingရှိလို့ "အလောတကြီးထွက်သွားတဲ့ Harutoကိုကြည့်ကာ စိတ်ထဲ အလိုမကျတစ်ခုခုလိုနေသည်
Haruto တစ်ခုခုကို မေ့လျော့သွားသည်..အရင်နေ့တွေလို သူ့နှဖူးကို နမ်းမသွား
Jeongwoo လဲ မနက်စာမစားပဲ အလုပ်သွားရန်သာ ပြင်လိုက်သည်...စားမှမစားချင်တော့တာ...
အလုပ်ရောက်သည်နှင့် secretary လေးကိုမနက်စာမှာခိုင်းတော့...
"ဟော CEOမစားရသေးဘူးပေါ့..မနက်က ကျွန်တော်တောင် CEOအမျိုးသားကို ဆိုင်မှာတွေ့ခဲ့သေးတယ်.."
"ဟမ်? သူတစ်ယောက်တည်း"
"အမျိုးသမီးတစ်ယောက်ပါတယ်လေ...CEO..ဘာစားမှာလဲ.."
"အဆင်ပြေရာကွာ"ခေါင်းထဲ တစ်ဝဲလည်လည်ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ဆိုတဲ့စကား... Haruto မင်း တကယ်ပဲ ငါ့နောက်ကွယ်မှာ တစ်ခြားတစ်ယောက်ရှိနေတာလား?
