Diaryစာအုပ်ေလးကို တစ်ရွက်တစ်ရွက်စီလှန်ရင်း နေ့စွဲလေးတွေနဲ့လိုက်ဖတ်နေမိသည်..အကုန် သူ့ရဲ့ ဆိုးမှုတွေကို ချစ်စိတ်နဲ့သာရေးထားတဲ့စာတွေသာ
၁၆.၃.၂၀၂၂
Haruto ပြောင်းလဲမသွားခင်နေ့ကရက်စွဲဆိုတာ သေချာမှတ်မိနေပါသည်...အဲ့တာကြောင့် စာရွက်ကို လှန်ပစ်ဖို့ကြံနေတဲ့ Jeongwoo လက်တွေက စာထဲမှာပါတဲ့ အကြောင်းအရာတွေကြောင့် ရပ်တန့်သွားရသည်
*My woo ငါဘယ်လိုလုပ်ရပါ့မလဲ... အရင်က Black marketမှာ အပေးအယူလုပ်ပီး သတင်းတစ်ခုလဲဖူးတယ်.. မိန်းကလေးတစ်ယောက်နဲ့ ဉာဏ်ချင်းပြိုင်ဖူးတယ် ..သူက ငါ့ကိုလိုချင်ပေမဲ့ မင်းတစ်ယောက်ကိုပဲချစ်တဲ့ငါက ဂရုမစိုက်ခဲ့ဘူး...အဲ့အချိန်တုန်းကတော့ အားနည်းချက်မရှိတဲ့ငါ့ကိုမထိုးနှက်နိုင်ခဲ့တာအမှန်ပဲ ...ဒါပေမဲ့ ခုက ငါ့မှာ အားနည်းချက်ရှိလာပီလေ.. အဲ့ဒီမိန်းကလေးက Mafia Queen သူ့လက်ထဲက မင်းကို ငါဘယ်လိုကာကွယ်ရပါ့မလဲ? မင်းနောက်ကိုလိုက်လိုက်နေတဲ့ သူတွေက သူ့လူတွေဆိုတာငါသိတယ်...ဒါပေမဲ့ ငါမှာ ရှင်းထုတ်နိုင်လောက်အောင် အင်အားမရှိသေးဘူး...သူနဲ့ယှဉ်ရင် ငါက အားနည်းနေသေးတယ်... မင်းကို ကာကွယ်နိုင်မဲ့ နည်းက တစ်ခုပဲရှိတယ် သူနဲ့လတစ်လတွဲပေးရမယ်တဲ့လေ... မဟုတ်ရင် ပေးရမှာ မင်းအသက်တဲ့...သူတို့လိုလူတွေက အသက်တစ်ချောင်း တန်ဖိုးထားကြတာမှမဟုတ်တာ... ငါမလုပ်ချင်ဘူး my woo မင်းပဲပိုင်တဲ့ ငါ့လက်တွေနဲ့ တစ်ခြားတစ်ယောက်လက်ကိုမကိုင်ချင်ဘူး...ဒါပေမဲ့ မင်းကို ကာကွယ်ဖို့ငါလုပ်ရမယ် .. တောင်းပန်ပါတယ် my woo ငါက အရမ်းအားနည်းနေခဲ့လို့... "
ရေကွက်လိုအကွက်တွေကြောင့် ရေးရင်းlutoငိုနေခဲ့မှန်းသတိထားမိပါ၏
နောက်တစ်မျက်နှာကို လှန်မိတော့
၁၇.၃.၂၀၂၂
* My woo ဒီနေ့ ငါသူနဲ့စတွဲရမယ် ...မုန်းလိုက်တာကွာ... သူက မင်း အသက်နဲ့ အချိန်ပြည့် ခြိမ်းခြောက်နေတာ... မင်းပြင်ပေးတယ်ဆိုတဲ့ မနက်စာလေးစားချင်လိုက်တာ...ဒါပေမဲ့ သူက အတင်းခေါ်တယ်... ငါမသွားရင် မင်းစီကိုပဲ အန္တရာယ်ရောက်မှာလေ... အရင်လိုမျိုး မင်းနှဖူးလေးကို အနမ်းလေးပေးချင်ပေမဲ့ ငါလိပ်ပြာမလုံဘူး... သူနဲ့တူတူ ဆိုင်တစ်ခုမှာစားတယ် စားသမျှ ငါပြန်အန်တယ် ဘာလို့တုန်းဆိုတော့ မင်းနဲ့တူတူစားရတာမဟုတ်တဲ့ မနက်စာတွေကို မုန်းလို့... တောင်းပန်ပါတယ် လိမ်ခဲ့မိလို့ my woo. ငါ mafia queen တစ်ယောက်ကို မယှဉ်နိုင်ခဲ့လိုလဲတောင်းပန်ပါတယ်*
