11

437 51 45
                                        

လက်ရှိရာသီဥတုအခြေအနေ : Haruto သူ၏ my woo ကိုစိတ်ကောက်နေ၏

"Luto ya  မင်းဘာလို့ငါ့ကိုစိတ်ကောက်နေတာလဲ?"
ပြန်မဖြေပဲ ရေငုံနှုတ်ဆိတ်သာနေလိုက်၏ သိသားနဲ့မေးနေတာ

""မင်း မနေ့ညကတည်းက ငါ့ကိုစကားမပြောတာနော်!"
"......."
"မပြောလဲနေဟာ"

သူ့ဖုန်းအား ကောက်ယူကာ အလုပ်ကိုထွက်သွားတဲ့ my wooကိုကြည့်ရင်း ဝမ်းနည်းလာသည်...မနက်စာတောင် တူတူမစားတော့ဘူးပေါ့... လူဆိုးကောင်!

လိမ္မော်သီးတွေရှိပေမဲ့ ဖျော်ချင်စိတ်မရှိတာမို့  အသင့့်သောက်လို့ရတဲ့ ပန်းသီးဖျော်ရည်ဘူးထဲကိုသာ ဘူးလိုက်‌ေမာ့သောက်လိုက်သည်

ိစတ်ကောက်နေရတဲ့ အကြောင်းကိုပြန်စဉ်းစားမိတော့ ...သူလဲစိတ်ကောက်တာမလွန်ပါဘူး...

Jeongwoo ကို‌ေစာင့်ရှောက်ခဲ့တဲ့သူနဲ့တွေ့ချင်မိတာမှားလား! သူကတော့ မပြန်ချင်ဘူးတဲ့လေ...

"ဟွန်း!! "

စိတ်မပါလက်မပါနဲ့ ပေါင်မုန့်တစ်ချက်ကိုယူဒီအတိုင်းပဲစား‌ေနလိုက်သည်..

အဆွေးသီချင်းတစ်ပုဒ်ကိုနားကြပ်တပ်နားထောင်ရင်း ဧည့်ခန်းက ဆိုဖာမှာ ခြေထောက်ကို တောင်တစ်ဖက် မြောက်တစ်ဖက်ထားရင်း ထိုင်နေလိုက်၏

ကိုက်လက် စ ပေါင်မုန့်ကုန်ခါနီး နောက်နေ ဖက်လာတဲ့ လက်တစ်စုံကြောင့် မော့ကြည့်မိတော့ Jeongwoo

Jeongwoo က နားကြပ်ကိုဖြုတ်ကာ
"ဘာလုပ်နေတာလဲ?"
"ထိုင်နေတာလေ မင်း မမြင်ဘူးလား?"
"မြင်တယ်လေ"
"ဘာလို့မေးနေလဲ? မင်းက အလုပ်သွားတာ မဟုတ်ဘူးလား"
"မဟုတ်ပါဘူး မင်းများ Onigiri စားချင်မလားလို့   လုပ်ပေးမလို့ တူနာcanနဲ့ ရေညှိသွားဝယ်တာ ကုန်နေလို့လေ"

ပြုံးချင်စိတ်ကို အတင်းထိန်းရင်း မီးဖိုခန်းထဲဝင်သွားတဲ့ Jeongwoo နောက်လိုက်ခဲ့လိုက်သည်...

Black shirt..Black style pantနဲ့ Jeongwoo က မနက်စောတောင် မိမိုက်နေသည်

"မစားဘူး..မင်းက ငါ့ကို အစားနဲ့‌ေချာ့တာနဲ့‌ေပျာ့တဲ့လူထင်နေ‌ လား?"
"ထင်တယ်လေ"
"Ya!"
ဩရှရှအသံကိုပိုင်ထားပေမဲ့ အော်တဲ့အချိန်ဆိုဘာလို့ စူး သွားလဲမသိပါ...

Because..I Love You Where stories live. Discover now