အမှုကိစ္စလဲ အစအဆုံးနီးပါးသူလုပ်ပေးတာ .. Harutoလိုလူမှာ အချိန်တွေမပေါမှာသေချာပေမဲ့ ...ဒေါက်ဒေါက်ဒေါက်*
အတွေးတွေကြောင့် လက်ရှိအချိန်နှင့် ခေတ္တအဆက်အသွယ်ပြတ်သွားရာ တရားသူကြီး၏ တူသံ ဒေါက်ဒေါက်ကြားမှ သတိပြန်ဝင်လာ၏
"Min janghyukကို ငွေအလွဲသုံးစားလုပ်မှု လိမ်လည်မှု လူသတ်ရင်ကြံစည်မှု ငွေမဲပြုလုပ်မှု အသရေဖျက်မှု အကြမ်းဖက်မှု မူးယစ်ဆေးဝါး ရောင်းဝယ်မှု နှင့် လက်တယ်တွေ့ရှိမှု တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်သည်"
(အဲ့လောက်ဆို တစ်သက်တစ်ကျွန်းကျပီမဟုတ်လားဟင်)'yes !! နောက်ဆုံးတော့ တရားဥပဒေအတွင်ကနေ လက်စားချေလိုက်နိုင်ပီ'
။
။
။
Alder group ရဲ့ ရှယ်ယာရှင်အစည်းအဝေးကျွတ်ကျွတ်ညံနေတဲ့အသံတွေဟာ Jeongwooရဲ့ဝင်ရောက်မှုကြောင့် တိတ်ဆိတ်သွားသည်...
"ဒီနေ့ကစပီး ကျွန်တော်ဟာ Alder groupရဲ့ CEO ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်"
"မောင်ရင်က ဘယ်သူလဲ"
Jeongwooပြန်မဖြေပဲ တစ်စုံတစ်ရာကို ပြလိုက်သည်
အဲ့တာက သူ့ရဲ့မွေးစာရင်း ၊ အဖေ့သေတမ်းစာနှင့် သူဟာ Park Jeongwooဖြစ်ကြောင်းသက်သေတွေ"ကျွန်တော် Park Jeongwooဟာ Park Hojinရဲ့သားအရင်းဖြစ်ပီး အဖေ့သေတမ်းစာအရ ကျွန်တော်က Companyကိုတရားဝင်ဆက်ခံခွင့်ရှိသူပါ..."
အနည်းငယ်တိုက်ရုံနဲ့ ပြိုသွားသည့်ခံတပ်မို့ စိတ်တောင်ပျက်ချင်ချင် ဘာပဲဖြစ်ဖြစ် လွယ်တာကောင်းပါတယ်လေ...
Alder groupရဲ့ လောလောလတ်လတ် CEO Park Jeongwooက အောင်နိုင်သူအပြုံးကို တပ်ဆင်ထားရင်း ကားထဲကိုဝင်လိုက်သည်..
.ကားထဲမှာ လူတစ်ယောက်က ပန်းစည်းတစ်ခုနဲ့ စောင့်ကြိုနေတာသည် ထိုလူက Jeongwooအောင်မြင်မှုရဲ့ ရေသောက်မြစ်...
"Congratulations my woo"
"Thanks Haruto"
။
။
"My woo...ဒါလေးသောက်လိုက်အုံး"
Haruto ကမ်းပေးလာတဲ့ေချာကလက်နွားနို့ခွက်ကို မော့သောက်လိုက်သည်..သူနေ့တိုင်း နွားနို့တစ်ခွက်လုပ်ပေးနေကြမို့ မထူးဆန်းပါ..နွားနို့ပဲဆိုမကြိုက်မှန်းသိတာမို့ ချောကလက်ပါထည့်ပေးလေ့ရှိသည်
