03

376 65 62
                                    

"အဟက် သူငယ်ချင်းတဲ့.. သူပဲင့ါဘဝကို အပိုင်သိမ်းထားပီးတော့များ"
ဝရန်တာထွက်ထိုင်ကာ ‌ေဆးလိပ်တစ်လိပ်ကို ရှိုက်ဖွာရင်း Harutoစကားကို စဉ်းစားနေမိခြင်းဖြစ်သည်...

Haruto ကတော့ သု့ကိုရှေ့နေဖုန်းနံပါတ်ပေးပီးကတည်းက အဝတ်စားလဲခန်းထဲရောက်နေတာပင်..

ဘာလုပ်နေလဲတော့မသိ..စိတ်လဲမဝင်စားပါဘူး...

"Jeongwoo "
ဆို‌တဲ့အသံနဲ့အနားရောက်လာသူ မော့ကြည့်လိုက်တော့
Navy Blue suit ကို ဝတ်ဆင်ထားပီး...ချထားနေကြဆံပင်တွေကို လှန်တင်လို့ထား၏...သူ့စီကနေ အာဏာရဲ့ အော်ရာ က ဖြာထွက်လို့နေသည်... video တွေထဲမှာမြင်နေကြ Watanabe Haruto ရဲ့ အရှိန်အဝါပါပဲ..မတူတာက သူမျက်နှာထား တည်တင်းမနေပဲ ပျော့ပြောင်းနေသည်...အိမ်မှာမို့နေမယ်

"ငါခန Dinner Party တစ်ခုသွားရမယ် "
"အဲ့တော့"
"အဲ့တာ ညမစောင့်နဲ့နော် နောက်ကျနိုင်တယ်"
"အင်း"

Harutoက စကားဆုံးတော့ Jeongwooဆံပင်တွေကိုဖွကာ
"ဆေးလိပ်တွေ အများကြီးမသောက်နဲ့ "
ဆိုသောအသံနဲ့အတူ ထွက်လို့သွားသည်

Jeongwooကတော့ပွ သွားတဲ့ ဆံပင်တွေကို သပ်ရင်း ကျန်ခဲ့၏...



၃နာရီကျော်ကြာသည့်ပွဲကြောင့် Harutoပြန်လာချိန်ဟာ ည၁၁နာရီ...

သူ့အမောပြေလေးမအိပ်လောက်သေးပါဘူး...
ဆူပုတ်ပုတ်မျက်နှာလေးကို မြင်‌ေယာင်မိရုံနဲ့ Harutoနှုတ်ခမ်းထက်အပြုံးတွေဖြတ်ပြေးသွားသည်..

အပြုံးတွေဝေဝေဆာဆာနဲ့ အိမ်ထဲ ဝင်လိုက်တော့..
နံရံကိုမှီရင်း သူ့ကိုရပ်ကြည့်နေတဲ့ သူ့ရဲ့အသည်းအသက်
"Jeongwoo ya မအိပ်-"

ဘယ်ဘက်ပါးပြင်စီက ပူခနဲနာကျင်မှုကြောင့် စကားပီးအောင်မပြောလိုက်နိုင်ပါ...
"အဟက် အပြုံးတွေနဲ့တောက်ပနေရောနော်"
Jeongwooစကားကိုပြန်မပြောနိုင်ခင်မှာပဲ ထပ်ပီးရလိုက် ပါးပြင်ပေါ် နောက်ထပ်နာကျင်မှု

Copy and pasteလုပ်ထားသလားအောက်မေ့ရအောင် ထပ်တူကျနေတဲ့နေရာကြောင့် နာကျင်မှုက ၂ဆ

"ဘာလို့ငါ့ကို ထိုးတာလဲ Jeongwoo..."
"မင်းလုပ်ထားတာမင်းသိမှာပေါ့.."
"ငါဘာလုပ်လို့လဲ "
"တောက်* မင်းသာဦးနှောက်ရှိရင် မင်းဘာလုပ်ထားလဲသိမှာပဲ.."
"Ya! "

Because..I Love You Where stories live. Discover now