part 1

1.7K 58 2
                                    

ကြည်လင်နေသောကောင်းကင်ပြာအောက် အထက်တန်းကျောင်းတစ်ခုတွင် သမိုင်းဘာသာရပ်ကိုသင်ကြားနေသည်။ အကြောင်းအရာမှာတော့ လွန်ခဲ့တဲ့နှစ်၂၀၀အကြောင်းပင်ဖြစ်သည်။ ထိုခေတ်ကာလတွင် ကျားမသာရှိပြီး မိန်းကလေးများသာကိုယ်ဝန်ဆောင်နိုင်သည်။ ယခုခေတ်တွင်တော့ မျိုးစိတ်၆ခုရှိနေပြီး ယောကျာ်းလေးဖြစ်သော်လည်းမျိုးပွားနိုင်သောomega၊ အရာရာကိုဦးဆောင်သူများဖြစ်သော Alphaနှင့် သာမာန်မျိုးစိတ် Betaဆိုပြီးရှိနေသည်။ မိန်းကလေးများကိုလည်း ထိုသို့၃မျိုးခွဲထားပြီး အရင်ခေတ်နှင့်မတူသည်မှာ ယောကျာ်းလေးဖြစ်သော်လည်း ကိုယ်ဝန်ဆောင်နိုင်ခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်၂၀၀တွင် pheromone များမရှိတာကြောင့် အာဖီယတ်ထိုခေတ်ကာလသို့ သွားချင်မိသည်။ အာဖီယတ်သည် omega ဖြစ်တာကြောင့် Alphaကောင်များထုတ်လွှတ်သည့် pheromone အနံ့များကိုရနိုင်သည်။ အာဖီယတ်သည် အရာရာကိုဦးဆောင်နိုင်သောသူဖြစ်ခြင်သည်။ မိမိရဲ့အရာရာကို Alphaကောင်များပေါ် မှီခိုနေရသည်ကို အာဖီယတ်မကြိုက်။ အနံ့များမရှိတာကြောင့် ထိုခေတ်သို့သွားချင်သော်လည်း သမိုင်းကြောင်းများအရ မသွားချင်ဖြစ်ခဲ့ရသည်။ ယခုသင်နေသောအကြောင်းအရာမှာ စစ်ပွဲအကြောင်းဖြစ်သည်။

လူတွေရဲ့အတ္တနဲ့လောဘတွေကြောင့် စစ်ဆိုသောအရာတွေဖြစ်ခဲ့ရသည်။စစ်ပွဲသည် အပြစ်မရှိသောသူများ၏ အသက်ပေါင်းများစွာကိုရယူခဲ့တယ်လို့ သမိုင်းကြောင်းကဖော်ပြနေသည်။ စစ်ပွဲအတွင်းလက်နက်ကြောင့် မသေသူများသည်လည်း စားနက်ရိက္ခာအခက်အခဲ၊ ကျန်းမားရေးအခက်အခဲတွေကြောင့် မသေသင့်ဘဲသေခဲ့ကြရသည်။ လွန်ခဲ့သောနှစ်၂၀၀ကစစ်ပွဲကို အဆုံးသက်စေခဲ့သည်မှာတော့ ကိုယ်ချင်းစာတရားဖြစ်သည်။ (........) ရေးခဲ့တဲ့စာအုပ်ကြောင့် လူတွေအသိမြင်ကျယ်လာခဲ့သည်။ သူ့နေရာမှာငါသာဆိုရင် ဆိုတဲ့ခံစားချက်တွေကိုအရင်းခံပြီး ၂၀၂၅ခုနှစ်တွင် စစ်ပွဲများအပြီးသတ်ခဲ့သည်လို့ သမိုင်းကြောင်းကဖော်ပြနေသည်။

သမိုင်းချိန်က နောက်ဆုံးချိန်ဖြစ်သည့်အတွက် ကျောင်းဆင်းသည်နှင့် အိမ်သို့ပြန်လာခဲ့သည်။ ကတ္တရာခင်းထားသောလမ်းမထက် အာဖီယတ်လမ်းလျှောက်ပြီး အိမ်ပြန်လာခဲ့သည်။ လမ်းမထက် သစ်ပင်များကစိမ်းစိုနေပြီး ကားများကိုတစ်စီးနှစ်စီးသာတွေ့ရသည်။ တော်တော်များများသည် မိုးပျံယာဉ်များကိုသာ အသုံးပြုကြပြီး ဆင်းရဲသူများသာကားစီးကြသည်။ အများသုံးယာဉ်ရှိသော်လည်း ကျောင်းနဲ့အိမ်ကိုဆက်သွယ်ထားသည့် ယာဉ်လိုင်းကမရှိတာကြောင့် ဖီယတ်တစ်ယောက် မိနစ်၃၀လမ်းလျှောက်ပြီး ကျောင်းနဲ့အိမ်ကိုအသွားအပြန်လုပ်ခဲ့ရသည်။

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now