part 9

324 29 2
                                    

တိတ်ဆိတ်မှုကစိတ်ကိုခြောက်ခြားစေသည်။ ရေစက်ကျသံမှအစပြု၍ ကြားကြားသမျှအသံတိုင်းသည် ကြောက်မတ်ဖွယ်အတိ ဖြစ်လို့နေသည်။ စိတ်ခြောက်ခြားနေစဉ် အခန်းတံခါးခေါက်သံကိုကြားလိုက်သည်။ ညအချိန်မတော်ကြီး မိမိအခန်းကိုဘယ်သူ့မှခေါက်မည်မဟုတ်၍ ချွေးပြန်သွားရသည်။ သရဲကားတွေထဲကလို တံခါးသွားဖွင့်ပေးသည့်အချိန် အပြင်မှာဘယ်သူမှရှိမနေဘဲ မိမိတံခါးဖွင့်လိုက်မှအခန်းထဲဝင်ခွင့်ရသွားမယ်ဆိုရင် အစရှိသဖြင့် ကြောက်စိတ်တို့လွှမ်းမိုးနေပြီး မျက်လုံးကိုစုံမှိတ်ကာ စောင်ခေါင်းမူးခြုံခဲ့သည်။

တံခါးခေါက်သံအဆုံးမှာတော့ ငြိမ်သက်သွားသည့်အတွက် စိတ်အေးသွားရသည်။ အဆင်ပြေသွားပြီးလို့တွေးနေသည့်အချိန် အခန်းတံခါးကပွင့်လို့လာသည်။ သရဲကားထဲကလို ပါဝါရှိတဲ့သရဲဆိုရင် မိမိခြေထောက်ကိုဆွဲချလေမလား..။ သေးသေးလေးတောင် မလှုပ်ဘဲအိပ်ချင်ယောင်ဆောင်နေရင်ရော သရဲကကျော်သွားလေမလား..။

"အိပ်.နေ..ပြီး..လား..။"

ခြောက်ကပ်နေသည့်အသံနှင့် တစ်လုံးချင်းပြောလာသောစကားတွေကြား ကြက်သည်းများထခဲ့ပြီး ထိုအခန်းထဲမှထွက်ပြေးကာ ခွန့်ကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်လိုက်သည်နှင့် မျက်လုံးမှိတ်ပြီး ကုတင်ပေါ်မှထကာ ပြေးဖို့လုပ်ခဲ့သည်။

"ဒုတ်..အမလေး..။"

သရဲသည် ပါဝါအတော်လေးရှိနေတာကြောင့်ထိတွေ့လို့တောင်ရနေပြီးဖြစ်သည်။ မိမိခန္ဓာကိုယ်ကိုဖမ်းဆုတ်ထားသည့်ထိုသရဲလက်မှ အလွတ်ရုန်းပြီး ခွန့်ဆီအပြေးသွားဖို့ ရုန်းကန်နေခဲ့သည်။

"ဖီယတ်..ဖီယတ်.. ကိုယ်ပါ..မရုန်းပါနဲ့..။"

ခွန့်အသံကိုကြားသည့်အတွက် မျက်လုံးဖွင့်ကြည့်ခဲ့သည်။ မိမိရောက်နေသည်မှာ ခွန့်ရင်ခွင်ဖြစ်လို့နေသည်။

"ခွန်..အဟင့်..အဟင့်..ဝါး..ကျွန်တော်ကသရဲလို့ထင်နေတာ..။ ကျွန်တော်လိပ်ပြာလွင့်သွားပြီး..အင်း..အဟင်း..ဝါး..။"

"ကိုယ်တောင်းပန်းပါတယ်..ဖီယတ်ကိုလန့်သွားစေတဲ့အတွက် တစ်ကယ်တောင်းပန်းပါတယ်နော်။"

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now