Part 19

187 14 0
                                    

သူ့သူငယ်ချင်းအိမ်မှာသွားနေမယ်ပြောပြီး ထွက်သွားတည်းက မီ ကျော့ကေသွယ်ကို အစအနတောင်ဖော်မရသည်အထိပျောက်ဆုံးသွားခဲ့သည်။ မီလိုချင်တာလည်း ဒီအခြေအနေမို့ အနှောက်အယှက်ကင်းစွာနေနိုင်တော့မည်ထင်သော်လည်း လက်တွေ့ကျတော့ တစ်ခုခုပျောက်ဆုံးနေတယ်လို့ ခံစားနေရသည်။ ၁လဝန်းကျင်လောက် အနှောက်အယှတ်ခံထားရတာကြောင့် ထိုအနှောက်အယှက်နဲ့ နေသားကျသွားသလိုပင်။

" သံယောဇဉ်ဆိုသည့်အရာကလည်း ဆိုးသည်ပဲဖြစ်စေ ကောင်းသည်ပဲဖြစ်စေ တွယ်ငြိလွယ်နေလိုက်တာ။"

သူငယ်ချင်းနဲ့အဆက်အသွယ်လုပ်ပြီး မေးကြည့်သော်လည်း အိမ်ပြန်မလာဘူးလို့ပြောသည်။ ရန်ကုန်မှာရှိတဲ့ သူ့သူငယ်ချင်းအိမ်မှာပဲ နေနေတယ်လို့ပြောလာသည်။ ရန်ကုန်မှာရှိနေရဲ့သားနဲ့ မီ့ကိုသေလောက်အောင်ချစ်ပါတယ် ပြောတဲ့လူက တစ်ခါလေးတောင် လာမတွေ့။ မီကလည်းတွေ့ချင်လွန်းလို့မဟုတ်ပေမဲ့ ညီမလေးလိုသံယောဇဉ်သွယ်နေတာကြောင့် သူအဆင်ပြေပါ့မလားတော့ စိတ်ပူမိသည်။ သို့သော်လည်း သူ့ရဲ့ကျစ်တီးကျစ်ကန်နဲ့ ရမ်းကားသည့်ပုံစံက မီနဲ့ရှိနေတဲ့အချိန်ပဲ ထုတ်ပြတတ်တာဖြစ်ပြီး လူမှုဆက်ဆံရေးကောင်းသော် မိန်းလေးတစ်ဦးဖြစ်သည်။

ဆယ်ကျော်သက်အရွယ်ထိ ဆိုးတူကောင်းဖက်တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ခဲ့သည့် သူငယ်ချင်း သတို့သားဟောင်းက သူ့အိမ်ထောင်နဲ့သူ ပျော်ရွှင်လို့နေပြီဖြစ်သည်။ အကယ်၍သာနှောင်းနဲ့ လက်ထပ်ဖြစ်ခဲ့ရင် အခုအချိန်ဆို ညစာစားပြီး လင်မယားနှစ်ယောက် ချစ်စကားလေးတွေပြောပြီး ကြည်နူးနေရမည့်အချိန်ဖြစ်သည်။ အခုတော့ မီ့အိမ်က ကုတင်ပေါ်မှာ မီတစ်ယောက်တည်းညမအိပ်နိုင်ပဲ အတွေးတွေက အဆက်မပျက်ဝင်နေပြီး နှောင်းကိုသတိရနေမိသည်။

ငယ်ငယ်တုန်းကရိုက်ခဲ့တဲ့ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ကြည့်နေမိသည်။ အသက်၅နှစ်လောက်တည်းကနေ ကျောင်းနေဖက် ဆော့ဖော်ဆော့ဖတ်ဖြစ်ခဲ့ပြီး မိဘတွေအချင်းချင်းကလည်း မိမိတို့နှစ်ယောက်ကြောင့် အတော်လေးသိကျွမ်းခဲ့ရသည်။ မွေးနေ့တိုင်းကို အတူတူဖြတ်သန်းပြီး တစ်ယောက်ဘေးတစ်ယောက်ရှိနေခဲ့ကြသည်။ ငယ်ငယ်တုန်းက မီတစ်ခြားသူငယ်ချင်းထားလို့ဆိုပြီး မီ့ကိုစိတ်ဆိုးစိတ်ကောက်သည့်အချိန်ကို သတိရမိသည်။

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now