part13

128 3 0
                                    

ဖီယတ်အိပ်ရာကနိုးသည်နှင့် ခန္ဓာကိုယ်ကနာကျင်မှုကို ပထမဦးဆုံးခံစားမိသည်။ မျက်လုံးဖွင့်ကြည့်လိုက်ချိန် မြင်ရတဲ့မျက်နှာကျက်ကြောင့် မိမိအိမ်မှာရှိနေသည်မဟုတ်ဘဲ ခွန်နဲ့လက်ထပ်ပြီးတာကို သတိရသွားသည်။ ကုတင်ဘေးနားကိုကြည့်လိုက်တော့ လစ်လပ်နေသည့် အိပ်ရာခင်းအမဲရောင်ကြီးသာတွေ့ရသည်။ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ အချိန်တစ်ရက်ကုန်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်။ ဖုန်းဖွင့်ဖွင့်ချင်းတွေ့ရသည့် ဂျွန့်ဖုန်းကောလ်များကြောင့် ဖုန်းပြန်ခေါ်လိုက်သည်။

"ဟယ်လို..ဂျွန်..sorry ငါနေမကောင်းဖြစ်နေလို့..။"

"အဟမ်း..အဟမ်း..နေမကောင်းတာသေချာရဲ့လားကွာ..မဂ်လာဦးညမှာများသွားတာမဟုတ်ဘူးလား..။"

"မင်းမနောက်နဲ့ ငါတစ်ကယ်နေမကောင်းဖြစ်သွားတာ..။"

"ယုံလိုက်ပါ့မယ်.. ငါညနေပြန်တော့မယ်..။"

"မနက်ဖြန်မှပြန်မှာမဟုတ်ဘူးလား..။"

"ကိုယ့်အသဲလေးရှိတဲ့နေရာဒေသမှာနေချင်တာပေါ့ကွာ ဒါပေမဲ့အလုပ်တွေကလက်ယက်ခေါ်နေပြီ။ သွားမှဖြစ်တော့မယ်..။"

"ငါလိုက်ပို့ပေးမယ်လေ.. ခနလောက်နေရင်ငါထွက်လာခဲ့မယ်..။"

"ကောင်းပါပြီဗျာ..။"

ဂျွန်နဲ့ဖုန်းပြောပြီးသည်နှင့် အခန်းထဲသို့ဆန်ပြုတ်ပန်းကန်ကိုင်ပြီးဝင်လာသည့် ခွန်နဲ့ ခွန့်နောက်က ပါလာသည့်သားလေးကိုတွေ့လိုက်ရသည်။

"နေရတာအဆင်ပြေရဲ့လား ဖီယတ်လေး..။"

"ပြေပါတယ်ခွန်..။"

"ပါးပါး..နေမကောင်းဘူးလားဟင်..။"

စကားပြောရင်းနဲ့ကုတင်ပေါ်တတ်လိုက်ပြီး မိမိဘေးနားကပ်ထိုင်လိုက်သည့် သားလေးခေါင်းကိုပွတ်ပေးလိုက်သည်။

"နေကောင်းပါတယ် ပါးရတနာလေး..။"

"ပါးပါး နောက်တစ်ခါကျရင် ဦးဦးနဲသရဲကားတွေမကြည့်နဲ့တော့နော်။ ဦးဦးနဲ့သရဲကားတွေကြည့်ပြီး ပါးပါးနေမကောင်းဖြစ်သွားပြီ အဲ့ဒါဦးဦးမကောင်းလို့ ဦးဦးလူဆိုး..။"

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now