part4

183 2 0
                                    

၁လကြာပြီးတဲ့နောက်မှာတော့ ဖီယက်အစားအသောက်တွေပျက်လာပြီး Heatလည်းမဖြစ်တော့တာကြောင့် ဆေးစစ်တံဝယ်လိုက်ပြီး စစ်ဆေးခဲ့သည်။ စစ်ဆေးခြင်းရဲ့ရလဒ်မှာတော့ ဖီယတ်ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ အစောထဲကကြိုတွက်ထားတာကြောင့် စိတ်လှုပ်ရှားမူမရှိဘဲ အေးဆေးတည်ငြိမ်စွာဖြတ်သန်းခဲ့သည်။ ထိုအချိန် မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲကာလဖြစ်နေသေးတာကြောင့် ယောကျာ်းလေးတစ်ယောက်အနေနဲ့ ဒီနိုင်ငံမှာကလေးမွေးဖို့ဆိုတာ အတော်လေးခက်ခဲနိုင်သည်။

ဖီယတ်ယနေ့ခေတ်ကိုရောက်ရှိလာတည်းက ဒီခေတ်ကာလအကြောင်းအမြဲလေ့လာနေတာမို့ ယောကျာ်းလေးတစ်ယောက်ကလေးမွေးပြီး ကောင်းမွန်စွာနေနိုင်မည့်နိုင်ငံတစ်ခုကိုရွေးလိုက်သည်။ ထို့နောက် မြန်မာနိုင်ငံက ထွက်သွားဖို့ဆုံးဖြတ်ခဲ့သည်။ ဆုံးရှုံးစရာဘာမှမရှိသည့်ဖီယတ်အတွက် တွယ်ငြိစရာဆိုတဲ့အရာလည်းရှိမနေ။ ခွန်ဆိုသောနာမ်နှင့်လူကို နှလုံးသားအကန့်တစ်ခုတွင်ထားလိုက်ပြီး အနာဂတ်ကို ဗိုက်ထဲက ကလေးလေးနဲ့အကောင်းဆုံးအရာတွေလုပ်ပြီး အကောင်းဆုံးဖြတ်သန်းမယ်လို့ဆုံးဖြတ်လိုက်သည်။

မြန်မာနိုင်ငံကလုပ်ငန်းကို ယုံကြည်ရသူနဲ့လက်လွဲခဲ့ပြီးနောက် ဗိုက်ထဲက ကလေးလေး၎လလောက်မှာ နိုင်ငံခြားသို့သွားခဲ့သည်။ အနာဂတ်တွင် ဗိုက်ထဲက ကလေးလေနဲ့ပျော်ရွှင်စွာနေနိုင်ဖို့တွေးပြီး ပျော်ရွှင်နေမိသည်။ လေယာဉ်ပေါ်တွင်ဗိုက်လေးကိုပွတ်ကာ ကလေးလေးကိုစကားပြောနေမိသည်။

"ဖေဖေ့ ကလေးလေး ဗိုက်ထဲမှာကောင်းကောင်းမွန်မွန်ရှိနေတယ်မလား။ အပြင်လောကကြီးကိုမြန်မြန်လာခဲ့နော် ဖေဖေက ကလေးလေးကိုအများကြီးချစ်ပေးမှာ။"

နိုင်ငံခြားသို့ရောက်သည်နှင့် ကြိုတင်ချိတ်ဆက်ထားသောအဆက်အသွယ်များကြောင့် မိမိနေထိုင်မည့်နေရာကို ချောမွတ်စွာရောက်ခဲ့သည်။ ဖီယတ်ဝယ်ထားသောအခန်းသည် အရမ်းမကျယ်သော်လည်း သားဖနှစ်ယောက်နေဖို့အတွက်တော့ လုံလောက်သည်။ ရောင့်ရဲတတ်တဲ့စိတ်အရင်းခံတို့ကြောင့် ဖီယတ်အတွက်အရာရာက လွယ်ကူနေခဲ့သည်။ ထိုနေရာတွင် ရာသီဉတုက အတော်လေးအေးနေတာကြောင့် ကုတ်တစ်ထည်ဝတ်လိုက်ပြီး နေ့လည်၂နာရီအချိန်တွင် တက္ကဆီငှားပြီး ဆေးရုံးကိုသွားခဲ့သည်။ နှင်းများကိုတွေ့နေရပြီး နေရောင်ကိုမမြင်ရဘဲ အနုတ်ဒီဂရီရောက်သည်အထိ အေးစက်နေတာဖြစ်သည်။

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now