Part 12

322 29 4
                                    

မြန်မာနိုင်ငံရဲ့နာမည်ကြီးဟိုတယ်တစ်ခုရှေ့တွင် တန်ဖိုးကြီးကားများစွာရှိလို့နေပြီး စီးပွားရေးပညာရှင်များ၊ နာမည်ကြီးအနုပညာရှင်များ နှင့်ပြည့်လို့နေ၏။ ဟိုတယ်တစ်ခုလုံးကင်မရာသမာများ၊ သတင်းသမားများဖြင့်ပြည့်လို့နေသည်။ ရုပ်သံတော်တော်များများတွင်လည်း ထိုပွဲကိုသာထုတ်လွှင့်လို့နေသည်။ ထိုပွဲသည်ကာ မောင်နှောင်းဓနလျှမ်းနဲ့ မောင်အာဖီယတ်တို့၏ မဂ်လာဧည့်ခံပွဲဖြစ်သည်။

နာမည်ကြီးများကြား အဖြူရောင်သတို့သားဝတ်စုံနဲ့ ခွန်တို့အတွဲသည် ထင်ပေါ်လို့နေသည်။ ကြွရောက်လာသည့် အထင်ကရပုဂ္ဂိုလ်များအား ဧည့်ခံလို့နေသည်။ လိင်တူလက်ထပ်ခွင့်တရားဝင်ခွင့်ပြုထားပြီး အသိုင်းအဝိုင်းကြီးထဲကဖြစ်၍ ထိုပွဲသည် ကြည့်ရှုသူအမြင့်ဆုံးဖြစ်လို့နေ၏။ ပွဲအတွက် သိန်းသောင်းနဲ့ချီအကုန်ကျခံထားသည်ဖြစ်၍ အခမ်းအနားအပြင်အဆင်များသည် ခမ်းနာသည်ထက်ပိုလို့နေ၏။

ကိုယ်သဘောကျတဲ့သူက ကိုယ့်အပိုင်ဖြစ်လာတယ်ဆိုတဲ့ခံစားချက်က တစ်လောကလုံးကိုပိုင်ဆိုင်တယ်ဆိုတာထက်ပို၏။ ပွဲအတွက်အဝတ်အစားပြင်ဆင်နေချိန် ဖီယတ်ကိုကြည့်နေရင်း မျက်ရည်များကျလာခဲ့သည်။ ဒီလူသားလေးကို တစ်ကယ်သာဆုံးရှုံးခဲ့ရရင်ဆိုတဲ့အတွေးတွေကြောင့် ပိုင်ဆိုင်နေပြီဆိုတာသိရဲ့နဲ့ ကြောက်စိတ်ဝင်နေမိသည်။

ပြင်ဆင်ပြီးတဲ့အချိန်မှာတော့ အဖြူရောင်သတို့သားဝတ်စုံနဲ့ကျွန်တော့်ကောင်လေးရဲ့လက်ကိုတွဲပြီး ပွဲထဲသို့ ဝင့်ကြွားစွာဝင်လာခဲ့သည်။ လူအများကြားလက်ချင်းချိတ်ထားတာကို ဖီယတ်လေးက ရှက်နေဟန်တူသည်။ မျက်နှာလေးက ရဲလို့နေ၏။ တစ်လောကလုံးကိုမေ့ထားပြီး ချစ်ရသူမျက်နှာကိုမျက်တောင်မခက်ကြည့်နေမိသည်။

"မဂ်လာပွဲအတွက်ဂုဏ်ပြုပါတယ်နော်..ကိုယ်နှောင်းဓနလျှမ်း..။"

မြန်မာနိုင်ငံတွင်မိမိနဲ့အသိမရှိသည့်အတွက် ပွဲကိုတတ်ရောက်ကြသူများမှာ ခွန့်အသိုင်းအဝိုင်းကလူများသာဖြစ်သည်။ လာနှုတ်ဆက်သူ၊ ဂုဏ်ပြုကြသူများအား ပြုံးပြရင်းနဲ့ပဲဖြတ်သန်းခဲ့ရသည်။ ဘဝတွင်အပင်ပန်းဆုံးအရာမှာ ဟန်ဆောင်ပြုံးဖြစ်သည်။ မပြုံးချင်ပြုံးချင်နဲ့ မသိသူများအား ပြုံးပြနေရသည်မှာအလွန်တရာမှပင်ပန်းလွန်းလှသည်။ ဒီကြားထဲ မိမိတို့ဘယ်သွားသွား လိုက်နေသည့် စလိုက်မီးများ၊ ကင်မရာသမားများကြောင့် ၁နာရီကြာဧည့်ခံပြီးမှာတော့ လူကပြိုင်းလာခဲ့သည်။ ခွန်ကိုကြည့်လိုက်တော့ လန်းဆန်းတတ်ကြွလို့နေသည်။

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now