ပုံမှန်ဆိုအိမ်အပြန်မှာတည်းက စားသောက်ဆိုင်တစ်ခုခုတွင်ဝင်ပြီး စားသောက်ပြီးမှ အိမ်သို့ပြန်လေ့ရှိသည်။ ပုံမှန်လုပ်နေကျအတိုင်းလုပ်ချင်သော်လည်း အိမ်တွင်ခွန်ရှိနေတာကြောင့် ခွန့်ကိုခေါ်ပြီးနောက်တစ်ခါထွက်စားဖို့ စဉ်းစားလိုက်သည်။ အိမ်သို့ရောက်သည်နှင့် ခွန်ကတံခါးလာဖွင့်ပေးခဲ့သည်။ အိမ်ထဲသို့ဝင်လိုက်သည့်အချိန် ဟင်းနံ့များမွှေးကြိုက်နေခဲ့သည်။
"ခွန် ဟင်းချက်ထားတာလား။"
"အင်း။ ကိုယ်မင်းဆီမှာအလကား မနေချင်လို့လေ။"
"ဟင်းချက်တာကြတော့ မှတ်မိပြီး ကို့နာမည်ကိုတော့မမှတ်မိသေးဘူးပေါ့။"
"တီဗွီကလာတာကို ကြည့်ပြီးချက်ခဲ့တာပါ။ အာဖီယတ်က ကိုယ့်ကိုမယုံဘူးဖြစ်နေတာထင်တယ်။ကိုယ် တစ်ကယ်ဘာမှမမှတ်မိတာပါ။"
တစ်ခုခုဆို မျက်နှာလေးညိုးညိုးသွားတာကြောင့် စကားအပြောအဆိုဆင်ခြင်ရမလိုတောင်ဖြစ်နေသည်။
"မဟုတ်ရပါဘူးဗျာ။ ကျွန်တော် အိမ်ထမင်းအိမ်ဟင်းမစားရတာ အတော်လေးကြာနေပြီ။ ဟင်းချက်ကျွေးတာကျေးဇူးအများကြီးတင်ပါတယ်ဗျ။ ''
''ကိုယ်အခုလုပ်ထားတာက ဖီယတ်အပေါ်တင်ထားတဲ့ကျေးဇူးကျွေးနဲ့စာရင် ဘာမှမဟုတ်သေးပါဘူး။ ''
"ကျွန်တော်က အဆင်ပြေတာမို့ ခွန်အဲ့တာကိုစိတ်ထဲမထားထားပါနဲ့။ ''
'' အင်း....။''
ဖီယတ် ထမင်းစားနေသည့်အချိန် heat ဖြစ်လာတာကို ခံစားမိလိုက်သည်။ ၂ရက်လောက်လိုသေးသည်မို့အေးဆေးလုပ်နေသော်လည်း ခွန့်ကိုမြင်ပြီး ဟော်မုန်းတွေကိုနိုးဆွသလိုဖြစ်သွားတာကြောင့်ပဲ ပြောရမလားပင်။ ဆက်နေနေရင် အန္တရာယ်များတာမို့ အပေါ်ထပ်ကိုတတ်ဖို့ပြင်လိုက်သည်။
"ခွန်း ကိုယ့်အိမ်လိုသဘောထားပြီးနေနော်။ ကျွန်တော်လုပ်စရာရှိလို့ မနက်ခင်းအစောကြီးအပြင်သွားစရာရှိတယ်။၃ရက်ကြာမယ် ကျွန်တော့်အခန်းထဲကလွဲရင် ကျန်တဲ့အခန်းတွေကို ဝင်ထွက်လို့ရပါတယ်။"
"ဂရုစိုက်သွားနော် အာဖီယတ်။"
"အွန်း။"
ခွန်နဲ့စကားပြောပြီးသည်နှင့်အပေါ်ထပ်ကို တတ်ပြီး အခန်းတံခါးပိတ်ကာ ဖြေလျော့နေမိသည်။
YOU ARE READING
ရာစုနှစ်ကိုကျော်လွန်၍(complete)
Fantastikအနာဂတ်နှစ်၂၀၀ကနေ အချိန်ကူးပြောင်းလာတဲ့ကောင်လေးတစ်ယောက် နဲ့ ယခုလက်ရှိအချိန်တွင် ထူးဆန်းသောရောဂါကိုခံစားနေရသော ကောင်လေးတစ်ယောက် တို့ရဲ့ တွေ့ဆုံမူ၊ ထိုတွေ့ဆုံမူကနေ ဖြစ်လာတဲ့နောက်ဆက်တွဲပြသနာများ ။