part5

183 2 0
                                    

၅နှစ်ကြာပြီးနောက်

အာဖီယတ်

အသက်=၂၆

အလုပ်အကိုင်= Starlight toy company(CEO)

ကြွယ်ဝချမ်းသာမူ= မီလျံနာ

ဝီလျံဖီယတ် ဆိုတဲ့သားတစ်ယောက်ကို မွေးဖွားခဲ့ပြီး နိုင်ငံခြားတွင် အခြေချနေထိုင်သည်။

ႏွောင္းဓနလျှမ်း

အသက်= ၂၇

အလုပ်အကိုင်= နှောင်းလုပ်ငန်းစုပိုင်ရှင်

ကြွယ်ဝချမ်းသာမူ= (မြန်မာနိုင်ငံ ချမ်းသာသူများစာရင်းဝင်သည်)

မီနဲ့စေ့စပ်ထားပြီး လအနည်းငယ်အတွင်း လက်ထပ်ရတော့မည်ဖြစ်သည်။

ခေတ်သစ်ဒီဇိုင်းအပြည့်ဖြင့်တည်ဆောက်ထားသော အိမ်ကြီး၏လျှောက်လမ်းတွင် ၄နှစ်ခွဲအရွယ်ကလေးတစ်ယောက် ဆော့ကစားနေသည်။ သားလေး၏မျက်ခုံများသည် မဲနက်လို့နေပြီး မျက်နှာကျက ခွန်နဲ့စွတ်ချွတ်တူသည်။ ခွန်ငယ်ငယ်ကလည်း ဒီရုပ်လေးပဲဖြစ်နေမလားလို့ တွေးနေမိ၏။ ထိုအချိန်သားလေးမှောက်ရပ်လဲသွားတဲ့မြင်ကွင်းကြောင့် ချက်ချင်းထထူပေးချင်ပေမဲ့ မမြင်ချင်ယောင်ဆောင်ခဲ့သည်။

မှောက်ရပ်လဲသွားသော်လည်း ထူပေးမဲ့သူမရှိတာကြောင့် ကိုယ်ဘာသာကိုပြန်ထလာပြီး ဖီယတ်ထိုင်နေသည့်နားသို့ ကွတကွတနှင့်လျှောက်လာသည်။

"အဟင့်...ဟင့်...ပါးပါး နာနာ။"

ဖီယတ်ပေါင်ပေါ်သို့ကုတ်ဖတ်တတ်လာပြီး မျက်ရည်အဝိုင်းသားဖြင့် နီရဲနေသည့်ဒူးခေါင်းကိုပြနေ၏။

"အိုး..ပါးရတနာလေ အများကြီးနာသွားပြီ..ဉုံဖွ။ ပါးအစွမ်းတွေနဲ့မှုတ်ပေးလိုက်ပြီး မနာတော့ဘူးမလား။"

"အွန်း..နာ..သေး..တယ်။"

"ဟားဟား..ချစ်ဖို့ကောင်းလိုက်တာကွာ။ ပါးဆေးလိမ်းပေးမယ် လာခဲ့..အင့်။"

၎နှစ်အရွယ်သားလေးကိုချီရတာ ဝိတ်တုံမလိုက်ရသလိုပဲဖြစ်သည်။ သားလေးကိုချီသွားပြီး ဆေးသေတ္တာယူကာ မျက်ရည်အဝိုင်းသားဖြစ်နေသည့် သားလေးနဖူးကို အကြိမ်ကြိမ်နမ်းလိုက်ပြီး ဆေးလိမ်းပေးလိုက်သည်။

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now