part11

139 2 0
                                    

ခွန်တို့သားအဖပြန်သည်နှင့် အလုပ်မလုပ်နိုင်တော့ဘဲ ထိုအကြောင်းကိုစဉ်းစားနေမိသည်။ ဖီယတ် ခွန့်ကိုချစ်သည်။ သို့သော် အိမ်ထောင်ဆိုသည့်အရာကြီးကိုစဉ်းစားမိပြီးကြောက်နေမိသည်။ ခွန်နဲ့ပတ်သက်လာရင်မဖြစ်နိုင်ဘူးလို့ပဲတွေးထားတာကြောင့် အများကြီးမစဉ်းစားခဲ့။ ခွန်နဲ့လက်ထပ်ဖို့ပြောလာတဲ့စကားတို့က ရုတ်တရတ်ဆန်လို့နေသည်။

ခွန်နဲ့လက်ထပ်လိုက်ရင်ရော သာယာတဲ့မိသားစုတစ်ခုကိုတည်ဆောက်နိုင်ပါ့မလား။ single father အနေနဲ့နေသားကျနေသည့် မိမိသည် အိမ်ထောင်ရေးဆိုသည့်အရာကြီးကို တစ်ခါမှမတွေးခဲ့။ တစ်ကယ်လို့လက်ထပ်ပြီးမှ ဖီယတ်မိဘတွေလိုဖြစ်သွားကျရင်ဘယ်လိုလုပ်မလည်း..။ ရန်ဖြစ်တဲ့အသံတွေနဲ့နေသားကျနေသည့် မိမိသည် အဆင်ပြေနေတယ်လို့ထင်ခဲ့သော်လည်း ထိုအသံများနှင့် ဆက်ဆံရေးများက စိတ်ဒဏ်ရာအနေနဲ့ရှိနေလိမ့်မယ်လို့ ဖီယတ်ဘယ်တုန်းကမှမစဉ်းစားမိခဲ့။

ဖုန်းalarm မြည်လာသည့်အတွက် သားလေးကိုကျောင်းသွားကြိုခဲ့သည်။ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ သားလေးသာရှိနေရင်တော့ အရာအားလုံးကိုကျော်ဖြတ်နိုင်လိမ့်မယ်လို့ခံစားမိသည်။ အတွေးများကိုရပ်တန့်လိုက်ပြီး သားလေးကိုကျောင်းသွားကြိုခဲ့သည်။ လွယ်အိတ်အနီလေးလွယ်ပြီး မိမိကားရှိရာသို့ဦးတည်လာသည့် သားလေးပုံစံသည် လုံးလုံးလေးနှင့်ချစ်ဖို့ကောင်းလို့နေသည်။ ကားပေါ်ရောက်သည်နှင့် ကျောင်းမှာဖြစ်ပျက်သမျှကိုအစီရင်ခံလေသည်။

"ဒီနေ့သားတို့မြန်မာနိုင်ငံအကြောင်းသင်ရတယ်။ မြန်မာနိုင်ငံက အရမ်းမိုက်ပြီးအတုယူဖို့ကောင်းတယ်နော်။ လူမျိုးစု၁၃၅ခုတောင်ရှိတာကို စည်းလုံးညီညွှတ်နေတယ်တဲ့။ အရမ်းမိုက်တာပဲနော်။"
"အွန်း.. သားလေးက မြန်မာနိုင်ငံကိုစိတ်ဝင်စားတာလား။"

"ဟုတ်ကဲ့..သားကြီးလာရင် မြန်မာစာသေချာသင်ပြီး သမိုင်းကြောင်းတွေကိုလေ့လာမယ်။ မြန်မာနိုင်ငံကိုချစ်တယ်။"

"မြန်မာနိုင်ငံမှာပဲနေရမယ်ဆိုရင်ရော ဘယ်လိုလည်း။"

"ကောင်းတာပေါ့ပါးပါးရဲ့..။"

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now