Part 14

332 28 2
                                    

ခြံထဲသို့ဝင်လိုက်သည့်အချိန် ခြံထဲတွင်စာထိုင်ဖတ်နေသည့်ခွန့်ကို တွေ့လိုက်ရသည်။ ဆောင်းရာသီဖြစ်၍ ညနေခင်း၅နာရီခွဲသာရှိသေးသော်လည်း မှောင်လို့နေပြီ။ လင်းလင်းထိန််ထိန်ရှိသည့်အိမ်ထဲတွင် စာမဖတ်ဘဲ အပြင်ဘက်မှာစာဖတ်သယောင်ပြပြီး မိမိကိုစောင့်နေသည့် ခွန့်ဆီသို့ကားနေရာချပြီးသည်နှင့် သားလေးလက်ကိုတွဲပြီး သွားလိုက်သည်။

"ခွန် ကျွန်တော်ပြန်ရောက်ပြီးနော်..။"

"အော်ပြန်လာပြီလား..။"

စာကြည့်မျက်မှန်တပ်ထားသည့် ခွန်၏တည်ကြည်ခန့်ငြားမှုအပြည့်နှင့် မျက်နှာကြောင့် မှောင်ရိပ်သန်းနေသည့်ကောင်းကင်အောက် ရင်ခုန်နေမိသည်။ ဆင်ယင်သမျှကြည့်လို့ကောင်းနေသည့် ခွန်သည် ဖီယတ်၏ role model ဖြစ်လို့နေသည်။

"မြေးလေးတို့ပြန်လာပြီးလား..။"

"ဘိုးဘိုး .. ။"

မိမိလက်ကိုလွှတ်ပြီး သူ့အဘိုးရှိရာဆီသွားတာကြောင့် ဖီယတ်လည်း အဖေရှိရာသို့ထွက်လာခဲ့သည်။ မိမိတို့ထွက်လာသည်ကိုမြင်သည်နှင့် စာဖတ်နေသည့်ကောင်လေးကလည်း အိမ်ထဲသို့လိုက်ပါလာခဲ့သည်။

ဧည့်ခန်းထဲတွင်မိသားစုစုံလင်စွာ ထိုင်ပြီးနောက်မှာတော့ ခွန်က စကားစပြောခဲ့သည်။

" ဖီယတ် ဘယ်သွားဖို့စဉ်းစားထားလည်း..။"

"ကျွန်တော်လည်း မပြောတတ်ဘူး..မြန်မာနိုင်ငံကနေရာတွေကိုကျွန်တော်မသိဘူးလေ..။"

"မြန်မာနိုင်ငံပဲမဟုတ်ပါဘူး..ဖီယတ်သွားချင်ရင် ကမ္ဘာအနှံ့သွားလို့ရတယ်..။"

"အဟမ်း..အဟမ်း..။ မြေးလေး ဗိုက်ဆာနေပြီးလား..။"

အဖေတစ်ယောက်လုံးရှိနေသည်ကို လင်ယောကျာ်းပေါ်အကဲပိုပြနေသည့်သားကြောင့် မျက်နှာပူရသည်။ မြေးလေးရှိနေလို့တော်ပေသည်။ မဟုတ်ရင် သားဖြစ်သူကြောင့် မျက်နှာပူပြီး ဘာလုပ်လို့ဘာကိုင်ရမလည်းတောင် သိမည်မဟုတ်..။

"ကျွန်တော် စဉ်းစားလိုက်မှာမို့..အိပ်ခန်းထဲရောက်မှ ပြောကြတာပေါ့..။"

"ဖီယတ် သဘော..။"

.................

ငယ်သူငယ်ချင်း သတို့သားဟောင်း၏ မဂ်လာပွဲသို့မသွားချင်သည့်အတွက် ကျောင်းကသူငယ်ချင်းရှိရာပြင်ဦးလွင်သို့ ခရီးထွက်ခဲ့သည်။ မီတို့ကံကောင်းပုံများ မီရောက်ပြီးခါမှ သူငယ်ချင်းကအလုပ်ကိစ္စကြောင့် ခရီးထွက်ရလေတယ်။ နှစ်ထပ်တိုက်အိမ်ကြီးထဲတွင် မီနဲ့ သူငယ်ချင်းရဲ့ညီမလေးတို့သာကျန်ခဲ့သည်။ မီရောက်ခါစက အကုန်လုံးအဆင်ပြေနေသော်လည်း သူငယ်ချင်းရဲ့ညီမလေး ကျော့ကေသွယ်၏လက်ရဲဇက်ရဲနိုင်မှုများကြောင့် တစ်နေ့တစ်ခြားကြောက်လာရသည်။

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now