part6

163 2 0
                                    

"အာ ခေါင်းကိုက်လိုက်တာ။ မြန်မာနိုင်ငံရောက်ရောက်ချင်း ပြပွဲအတွက်အလုပ်ရှုပ်နေပြီ သေချာတောင်မနားရသေးဘူး။"

အခန်းထဲနားနေစဉ် ပြပွဲမှုးကရောက်လာပြီး လူတစ်ယောက်ကတွေ့ချင်တယ်လို့ပြောလာတာကြောင့် လက်ခံလိုက်သည်။ သားလေးကအငိုမတိတ်သေးတာကြောင့် ပေါင်ပေါ်တွင်တင်ထားခဲ့ရသည်။ ပြပွဲမှုးထွက်သွားပြီးမကြာခင် ကျွန်းတံခါးကြီးကပွင့်လာပြီး အခန်းထဲသို့အတွဲတစ်တွဲဝင်လာခဲ့သည်။ အခန်းထဲတစ်ရွေ့ရွေ့ဝင်လာသော ထိုသူတို့ကိုကြည့်လိုက်သည်။

တစ်ကိုယ်လုံးအမဲရောင် ဝတ်ထားသည့်အတွက် ဖြူဖွေးနေသောအသားအရေတို့ကပေါ်လွင်နေသည်။ အရပ်၆ပေလောက်ရှိပြီး မော်ဒယ်ခန္ဓာကိုယ်နှင့်အခန်းထဲ ဝင်လာသူမှာ ခွန်။ အချိန်တွေပြောင်းလဲသွားသော်လည်း ခွန့်ပုံစံကတော့တစ်ခုလေးမှပြောင်းလဲမှုမရှိ။ ဘေးနားတွင်လက်တွဲလာသော ကောင်မလေးမှာ ခွန့်ရဲ့သက်ဆိုင်သူဖြစ်ဟန်ရှိသည်။ အမြင်အရပြောပါဆို ခွန်တို့နှစ်ယောက်ကအတော်လေးလိုက်ဖက်သည်။ သို့သော် ထိုမြင်ကွင်းက ဖီယတ်ကိုဝမ်းနည်းစေသည်။

ခွန်ကိုကြည့်တော့လည်း မိမိကိုမှတ်မိဟန်မရှိတာကြောင့် သားလေးကိုတင်းကြပ်စွာဖတ်လိုက်ပြီး ကိုယ်နေဟန်ထားပြောင်းကာ သေချာထိုင်လိုက်ပြီး ဧည့်တွေ့လက်ခံလိုက်သည်။

"ထိုင်ပါခင်ဗျ။"

"ဟုတ်ကဲ့ကျေးဇူးပါ၊ တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော့နာမည်က နှောင်းဓနလျှမ်းပါ ခင်ဗျ။"

ညာဘက်လက်ထုတ်လာပြီး ပြောလာသည့်အကို့စကားကြောင့် ဖီယတ်ဘယ်ဘက်လက်ကိုဆန့်ထုတ်လိုက်ပြီး ရင်းနှီးမှုကိုဖော်ကြူးခဲ့သည်။

"ကျွန်တော့်နာမည်က အာဖီယတ်ပါ တွေ့ရတာဝမ်းသာပါတယ်။"

"ပါးပါး..သားအသက်ရှုကြပ်နေပြီး။"

ကလေးကိုရင်ခွင်ထဲထည့်ထားမိတာကြောင့် ဘေးနားကိုချထားပေးလိုက်သည်။ ထို့အချိန် ခွန့်ဆီမှမထင်မှတ်ထားသော တုံပြန်မှုကိုရလိုက်သည်။

"ဟင် ကလေးလေအဖေက ကိုအာဖီယတ်လား။ ဟယ်လိုကလေး ဦးလေးကိုမှတ်မိလား။"

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now