part 10

141 2 0
                                    

မနက်စာစားပြီးသည်နှင့် သားလေးကိုသူ့အဘိုးဆီမှာထားလိုက်ပြီး ပြန်ဖို့အထုပ်တွေပြင်ခဲ့သည်။ ထိုအချိန် ဖုန်းစိမ်းဝင်လာသည့်အတွက် ကိုင်လိုက်သည်။

"ဟယ်လို ဘယ်သူလည်းမသိဘူး။"

"ဟုတ်ကဲ့ အာဖီယတ်ရဲ့ ချစ်သူပါဗျ..။"

"ဂျွန် မြန်မာနိုင်ငံရောက်နေတာလား..။"

"ဒါပေါ့ ဒါပေါ့..။"

"အလုပ်ကိစ္စကြောင့်လား။"

"နိုးပါ..။ ကိုယ့်ကိုတစ်ယောက်တည်းထားခဲ့တဲ့ ချစ်ရသူဆီလိုက်လာခဲ့တာပါ..။"

"ဂျွန်ကတော့နောက်ပြီး..။ ဖီယတ်က နေ့လည် လေယာဉ်နဲ့အရင်နေရာကိုပြန်မလို့။"

"သိပါတယ်ဗျ အခုလေယာဉ်ကွင်းရောက်နေပြီး လက်မှတ်လည်းဝယ်ပြီးသားပါ။ အတူတူသွားကြမယ်လေ..။"

"အွန်း စောစောထွက်လာခဲ့မယ်။"

Surprise အမြဲတိုက်တတ်သော သူငယ်ချင်းဖြစ်တာကြောင့် မြန်မာနိုင်ငံရောက်တာကို အရမ်းကြီးအံ့ဩမနေ။ အထုတ်တွေသိမ်းပြီးသည်နှင့် သားလေးကိုခေါ်ပြီး ခွန့်အိမ်ကနေ ထွက်လာခဲ့သည်။ ကားပေါ်ရောက်သည်နှင့် ထိုခမ်းနားလှသော အိမ်ကိုကြည့်ပြီး တစ်သက်တာအတွက်နှုတ်ဆက်လိုက်သည်။ ဂျွန်နဲ့နေ့လည်စာ စားပြီးနောက် လေယာဉ်ချိန်နီးလာသည့်အတွက် လေယာဉ်ကွင်းသွားပြီး စောင့်နေလိုက်သည်။ သားလေးက ဖီယတ်အပေါ်မှာမှီပြီ အိပ်ပျော်နေတာကြောင့် ဂျွန်ကချီပေးခဲ့သည်။ သားလေးကိုအလွဲအပြောင်းလုပ်နေသည့်အချိန် ဖီယတ်နာမည်ခေါ်သံကြား၍ လှည့်ကြည့်မိလိုက်သည်။

"ဖီယတ် သွားတော့မှာလား..။"

အမဲရောင် ဝတ်စုံပြည့်နှင့် ချွေးများစိုချွဲနေပြီးမိမိရှေ့ကိုရောက်လာခဲ့သူကာ ခွန်..။

"ဟုတ် နောက်၁၅မိနစ်လောက်ဆိုတတ်တော့မှာ..။ နှောင်းဘာကိစ္စရှိလို့လည်းဟင်။"

"နိုင်ငံခြားကဧည့်သည်လာမှာလေ ။ အဲ့တာလာကြိုပေးတာ။ ဖီယတ်ကိုရုတ်တရက်တွေ့လိုက်လို့ လာနှုတ်ဆက်တာ..။"

ခွန့်စကားဆုံးသည်နှင့် ဖီယတ်ဘေးလွယ်အိပ်ကိုဖွင့်လိုက်ပြီး တစ်သျှူးထုတ်ကာ ခွန့်ကိုပေးလိုက်သည်။ ခွန့်မျက်နှာကိုကြည့်သည်နှင့် ပြေးလာတယ်ဆိုတာ တန်းပြောနိုင်သည်။ ချစ်ရသူနှင့်နောက်ဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ချစ်ရသူမျက်နှာလေး..အသံလေးကို ထာဝရအတွက်သိမ်းထားရတော့မည်ဖြစ်သည်။ ထို့နောက် နှလုံးသားတစ်ခုလုံးကွဲအပ်နေသည့် အသံကိုဖုံးကာ တည်ငြိမ်အေးဆေးသောအသံဖြင့် ချစ်ရသူကိုနောက်ဆုံးအနေနဲ့မှာချင်တာတွေမှာခဲ့သည်။

ရာစုနှစ်ကိုကျော်လွန်၍(complete)Where stories live. Discover now