(Unicode)
"ဒီတစ်ညတည်းနဲ့ ဘာတွေဖြစ်ကုန်ကြတာလဲ"
HyeJin ကတော့ ထိတ်လန့်စွာနဲ့ ကြမ်းပေါ်မှာကုပ်ကုပ်လေးထိုင်ကာ ငိုနေလေပြီ...။ ယောင်္ကျားလေး၃ယောက်ကလည်း အတွေးကိုယ်စီနဲ့ တခဏတော့ငြိမ်သက်နေကြတယ်...။ အပြင်က စိတ်ဖောက်ပြန်နေတဲ့ ၂ယောက်ကလည်း တံခါးကဖွင့်မရတာသေချာတော့ ဆက်တွန်းတိုက်ခြင်းမရှိတော့ပဲ ဘယ်ထွက်သွားမှန်းမသိတော့...။
"သရဲဝင်ပူးခံရတာ"
Taehyung ဆီက ရုတ်တရတ်ကြားရတဲ့စကားကြောင့် ကျန်တဲ့သူတွေ အထိတ်တလန့်ဖြစ်ကုန်တယ်...။ Taehyung ကတော့ သူ့လည်ပင်းက ဆွဲကြိုးလေးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း တစ်နေရာကိုစူးစိုက်ကြည့်နေတယ်...။
"တကယ်ပဲလား..?? သူတို့တကယ်ပဲ သရဲဝင်ပူးခံရတာလား...??"
HyeJin က သေချာအောင် Taehyung လက်မောင်းကို ကိုင်လှုပ်ကာမေးတော့ Taehyung လည်း သက်ပြင်းတစ်ချက်ချကာ ခေါင်းကိုဖြည်းညှင်းစွာညိတ်ပြတယ်...။
"ဒါဆိုသူတို့က ငါတို့ရုပ်ရှင်တွေထဲမှာတွေ့သလို Zombie ပုံစံတွေ ဖြစ်ကုန်ကြတာလားဟင်...?? တစ်ယောက်ကစဖြစ် ပြီးတော့နောက်တစ်ယောက်ကိုကိုက် အဲ့ဒီတစ်ယောက်ကပါ Zombie ထပ်ဖြစ်... အဲလိုမျိုးကြီးပေါ့...??"
Namjoon ရဲ့ရေရွတ်လိုက်သံကြောင့် Seokjin ကိုယ်လေး ဆတ်ခနဲတုန်သွားတယ်...။ အဲ့လိုဟာတွေကို သူဘယ်လောက်ကြောက်လဲဆို ရုပ်ရှင်တောင်မှမကြည့်ရဲခဲ့ဘူး...။ အခုမျက်မြင်ကိုယ်တွေ့ကြုံလာရပြီလေ...။
"ငါတို့ ဘာဆက်လုပ်ကြမလဲ စဉ်းစားကြပါဦး"
ခုချိန်မှာ Seokjin နဲ့ HyeJin ကတော့ ကြောက်လန့်နေပြီဖြစ်တော့ ဘာမှလည်းမစဉ်းစားတတ်တော့...။ Taehyung ကတော့ ဦးနှောက်ကိုအလုပ်ပေးကာ လွတ်မြောက်ဖို့နည်းလမ်း စဉ်းစားနေသလို Namjoon ကလည်း လက်ထဲကတုတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း အနားရောက်လာတာနဲ့ ရိုက်ချပစ်မယ်ဆိုတဲ့သဘောနဲ့ ပတ်ဝန်းကျင်ကိုမပြတ်တမ်း အကဲခတ်နေတယ်...။
"စာအုပ်ကိုဖတ်လိုက်တာကနေ စဖြစ်တာပဲ... ငါတို့ကျိန်စာသင့်သွားတာ ဖြစ်လိမ့်မယ်"