12. Who can accept me?

503 59 30
                                    

(Unicode)

"ဒါဘယ်ကပြန်လာတာလဲ Taehyung..?? မနေ့ကလကွယ်ညမဟုတ်သေးဘူးလေ"

အခန်းထဲဝင်လာတာနဲ့လှမ်းမေးတဲ့  Jimin...။ အသံသာကြားရပြီး အခန်းထဲမှာလူကိုမမြင်တော့ Taehyung ဘေးဘီဝဲယာကြည့်နေတုန်းမှာပင် Jimin က မျက်နှာကျက်ပေါ်ကနေ ခုန်ချလာတယ်...။ နံရံနဲ့မျက်နှာကျက်မှာ တွဲခိုနေတဲ့ နွယ်တွေကတော့ သူ့ကိုယ်ထဲပြန်ဝင်သွားလေပြီ...။

"မင်းက ကိုယ်ထဲကနွယ်တွေကိုတောင် ထုတ်တတ်နေပြီကိုး"

Taehyung တအံ့တဩနဲ့ ချီးကျူးလိုက်လေတယ်...။ Jimin ကတော့ သူပြောတာကိုဂရုမစိုက်ပဲ အရှေ့သို့တလှမ်းချင်းတိုးလာတယ်...။ မျက်နှာကတော့ ပကတိတည်ငြိမ်လွန်းလှတယ်...။ အပေါ်ပိုင်းဗလာကျင်း ဖြစ်တဲ့အတွက် သူ့ရဲ့ကျစ်လစ်လွန်းတဲ့ ကြွက်သားတွေက ဆွဲမက်ဖွယ်ကောင်းစွာ ထင်းနေပြန်တယ်...။

"ပြောစမ်းပါဦး Taehyung ရယ်... ငါမင်းကိုတညလုံးစိတ်ပူနေရတာကို ရက်မှားပြီးထွက်သွားတာတော့ မဟုတ်ဘူးမလား...??"

"ရက်မှားစရာလား... လကွယ်ညက ငါ့ရဲ့အရေးအကြီးဆုံးကို... ဒီတိုင်းကိစ္စလေးတွေရှိလို့"

Taehyung သူ့နားကပ်လာတဲ့ Jimin ရဲ့ဝမ်းဗိုက်ကကြွက်သားတွေကို လက်နဲ့အသာတို့ထိရင်း အဖြေပြန်ပေးလိုက်တယ်...။ လူချင်းနီးကပ်နေပေမယ့် အမှားလုပ်ထားတဲ့ Taehyung က Jimin ရဲ့မျက်နှာကို မော့မကြည့်ရဲပေ...။ ဒါပေမယ့် Jimin က သူ့ခါးကိုသိုင်းဖက်လိုက်ပြီး မျက်နှာကိုမော့ယူလိုက်ကာ နှုတ်ခမ်းတွေကို အပိုင်သိမ်းလိုက်တယ်....။

Taehyung လဲ အလိုက်သင့်ပဲပြန်တုန့်ပြန်ရင်း သူ့လက်ချောင်းတွေက Jimin ရဲ့ရင်ဘက်ပေါ်မှာ ပြေးလွှားနေလိုက်တယ်...။ ရုတ်တရတ်ဆိုသလို အနမ်းတွေကိုရပ်တန့်လိုက်ကာ သူ့ကိုပါတွန်းထုတ်လိုက်တဲ့ Jimin ကြောင့် Taehyung အံ့ဩသွားရပြန်တယ်...။

"မင်းဒီမနက် တစ်ယောက်ယောက်နဲ့နမ်းခဲ့တယ်"

Taehyung အံ့ဩစွာနဲ့ Jimin ကို ကြည့်လိုက်တယ်...။ သူဘာလို့ဒီလောက်တောင် တော်နေရတာလဲ...။ ဟုတ်ပါတယ် ဒီမနက်သူမပြန်ခင်မှာ Jungkook နဲ့ နမ်းခဲ့ကြသေးတယ်...။ ဒါကိုအခု Jimin သိရှိသွားခဲ့ပြီလား...??

Under My Skin (Completed)Donde viven las historias. Descúbrelo ahora