(Unicode)
"Appa သားကျောင်းသွားတော့မယ်"
Jungkook ကျောင်းဝတ်စုံအပြည့်နဲ့ ကျောင်းသွားဖို့အိမ်ပေါက်၀ ရောက်နေတာတောင်မှ အရင်လိုမျိုး Appa က အိမ်ပေါက်ဝမှာရပ်ကာ နှုတ်ဆက်ဖို့စောင့်မနေ...။ Appa ရဲ့ပါးကိုနမ်းပြီးမှ ကျောင်းသွားတတ်တဲ့ Jungkook အိမ်ပေါက်ဝမှာပဲ Appa ထွက်မလာမချင်း ပေတေကာ ရပ်စောင့်နေမိတယ်...။
"ဆောရီး... Appa ထမင်းဘူးထည့်နေလို့"
ခုမှအပြေးအလွှားအိမ်ထဲကနေထွက်လာတဲ့ Appa ကို Jungkook မျက်မှောင်ကျုံ့ကာကြည့်လိုက်တယ်...။ Jungkook ကျောင်းကိုတစ်ခါမှ ထမင်းဘူးထည့်မသွားဖူးပါ...။ ဒါကို Appa က ခုကျမှဘာလို့ထည့်ပေးနေရတာလဲ...?? Appa ကလည်း ထမင်းဘူးကိုလှမ်းမယူပဲ ငေးကြည့်နေတဲ့ Jungkook ကိုနားလည်သွားပုံနဲ့ ပျာပျာသလဲရှင်းပြတယ်...။
"Taehyung အတွက်လေ... သူက Appa ချက်တဲ့ဟင်းတွေဆို သိပ်ကြိုက်တာ... သူစားဖို့ယူသွားပေးပါလားနော်"
သားဖြစ်သူကိုပြန်ချော့မော့ပြောနေရတဲ့ Appa ကို Jungkook လည်း ဆက်ပြီးရစ်မနေချင်ပါ...။ ခုနောက်ပိုင်း Jungkook ကတော့ Appa အလုပ်ရှုပ်မှာစိုးလို့ နေ့လည်စာကို Canteen မှာပဲ လခပေးပြီးစားတဲ့အတွက် ပူစရာမလိုပေမယ့် အမြဲနေ့လည်စာမစားတတ်တဲ့ Taehyung အတွက်တော့ ဒီထမင်းဘူးက အသုံးဝင်မှာပါ...။ ဒါပေမယ့်လည်း အတိအကျတော့ပြောလို့မရ...။ Jimin နေ့တိုင်းကျွေးနေတာကိုတောင် Taehyung က စားမှမစားတာပဲ...။
"ဟုတ်ကဲ့ ယူသွားပေးပါ့မယ်... Taehyung ကြိုက်မှာသေချာတယ်"
ထိုအခါ Appa ရဲ့မျက်နှာလေး ဝင်းလက်ပျော်ရွှင်သွားလိုက်တာ...။ Taehyung ကို အဲ့လောက်တောင်အရေးထားတယ်လား...?? Jungkook လည်း Appa ရဲ့ပါးကိုလှမ်းနမ်းကာ နှုတ်ဆက်လိုက်ပြီးမှ ကျောင်းကိုထွက်လာခဲ့လိုက်တယ်...။ ဒီတစ်ခါတော့ Taehyung နဲ့ Jimin က ကြိုရောက်နှင့်နေပြီး Jimin က ထုံးစံအတိုင်း Taehyung ဘေးမှာတတွတ်တွတ်နဲ့ စကားတွေပြောနေတယ်...။ သူတို့ရှေ့စားပွဲခုံပေါ်က ဖွင့်ထားတဲ့ထမင်းဘူးလေးထဲမှာတော့ စားချင်စဖွယ် ကြက်ဥထမင်းလိပ်တွေ...။
"Taehyung ahh တစ်ခုလေးဖြစ်ဖြစ် ယူစားကြည့်ပါလား... ငါကမင်းကိုစားစေချင်လို့ Omma ကို အတင်းဂျီကျပြီး လုပ်ခိုင်းထားရတာကို"
![](https://img.wattpad.com/cover/324128601-288-k556359.jpg)