2. Beginning of Curse

999 102 48
                                    

(Zawgyi)

"ငါတို့အိပ်ဖို့နေရာကိုပဲ နည်းနည်းရှင်းလိုက်ရအောင်"

Namjoon က အဆင်ပြေတဲ့တနေရာမှာ တညတာအိပ်ဖို့ အမြန်ပြင်ဆင်လိုက်တော့ Taehyung နဲ့ Seokjin လည်း ဝင်ကူပေးလိုက်တယ်...။ HyeJin ကလည်း အနီးမှာတွေ့တဲ့ ကြက်မွှေးတစ်ချောင်းယူကာ နေရထိုင်ခင်းအဆင်ပြေအောင် အတန်ငယ်လှဲကျင်းလိုက်တယ်...။ ဟိုစပ်စုစုံတွဲကတော့ အိမ်ထဲမှာလျှောက်ကြည့်နေကြတယ်...။

အိမ်ပိုင်ရှင်တွေက တော်တော်ချမ်းသာပုံတော့ရတယ်...။ အိမ်ကြီးကအပြင်ကနေကြည့်တော့သာ ဟောင်းနွမ်းနေတယ်ထင်ရပေမယ့် အထဲမှာတော့ လူမနေတာကြာလို့ ဖုန်တက်နေတာကလွဲရင် ပရိဘောဂတွေက တကယ့်ကို အကောင်းစားတွေချည်းပါပဲ...။ နံရံပေါ်မှာလည်း ဆီဆေးပန်းချီကားတွေ ချိတ်ဆွဲထားသေးတယ်...။ ဘာပုံတွေလဲဆိုတာတော့ ဖုန်တွေတက်နေတဲ့အတွက် သေချာမမြင်ရတော့...။

"Jimmy နဲ့ Yuan Yuan ညစာစားကြမယ်လေ... လျှောက်ကြည့်မနေကြနဲ့တော့"

Taehyung လှမ်းခေါ်လိုက်မှ သူတို့၂ယောက်လည်း အနားသို့ပြန်ရောက်လာပြီး ညစာကိုတော့ဖြစ်သလိုပင် ငါးသေတ္တာဘူးကိုဖောက်ပြီး ပေါင်မုန့်နဲ့စားလိုက်တယ်...။

"အိမ်ပေါ်ထပ်မှာဘာတွေရှိမလဲ မသိဘူးနော်"

Yuan Yuan က စားနေရင်းနဲ့ မဲမှောင်နေတဲ့အိမ်ပေါ်ထပ်ဆီကို မေးလှမ်းငေါ့ပြတယ်...။ အပေါ်ထပ်တက်တဲ့လှေကားကြီးက တော်တော်လေးကျယ်ဝန်းပြီး ကော်ဇောတွေခင်းထားသေးတယ်...။ အရင်ကတော်တော်လေး ခမ်းနားလှပနေမှာသေချာပေမယ့် အခုကတော့ ဖုန်အလိမ်းလိမ်း ကပ်ငြိနေရှာပြီ...။

"မနက်ကျမှကြည့်ချင်ကြည့်ပါ... ဒီညတော့ စောစောပဲအိပ်ကြရအောင်"

HyeJin လှမ်းတားတော့မှ Yuan Yuan လည်း သက်ပြင်းချကာ ခေါင်းညိတ်လိုက်တယ်...။ သူမက မိန်းကလေး၂ယောက်ထဲမှာ ပိုပြီးသတ္တိရှိသူဖြစ်ပြီး နေရာတကာစူးစမ်းချင်စိတ် ပြင်းပြလွန်းတယ်...။

စားပြီးသောက်ပြီးတော့ ငါးသေတ္တာဘူးခွံတွေကို အခန်းထောင့်မှာသွားပစ်ဖို့ ထသွားတဲ့ Jimmy ကြမ်းပြင်ပေါ်က တစ်စုံတစ်ခုကိုခလုတ်လိုက်မိပြီး ဟက်ထိုးလဲကျမလိုဖြစ်သွားတယ်...။

Under My Skin (Completed)Donde viven las historias. Descúbrelo ahora