6. He is my friend

642 81 48
                                    

(Unicode)

"သေနေတဲ့ကျောင်းသားကို ဘယ်သူအရင်ဆုံးတွေ့ခဲ့တာလဲ...??"

"ကျွန်တော်တို့၂ယောက်လုံးအတူတူတွေ့ခဲ့တာပါ... သန့်ရှင်းရေးလုပ်ပြီး အမှိုက်သွားပစ်တုန်း သူ့ကိုလမ်းမှာလဲပြီး သေနေတာတွေ့လိုက်ရတာ"

ရဲအရာရှိတစ်ယောက်က Jungkook ဖြေသမျှကို စာအုပ်ထဲမှာလိုက်မှတ်နေတယ်... တခြားလည်းဘာမှဆက်မေးစရာ မရှိတော့တဲ့အတွက် စာအုပ်ကိုပိတ်လိုက်ကာ Jungkook ရဲ့မျက်နှာကို ကြည့်လိုက်တယ်...။

"ခုလိုဖြေပေးတာကျေးဇူးပါကွာ... မင်းတို့လည်းသတိထားနေပေါ့... တရားခံကိုမမိမချင်း စိုးရိမ်စရာအခြေအနေပဲလေ"

"ဟုတ်ကဲ့... သတိပေးတာကျေးဇူးတင်ပါတယ် ရဲအရာရှိကြီး"

ရဲအရာရှိကြီးကလည်းခေါင်းညိတ်ပြကာ Jungkook ပခုံးကိုလက်နဲ့ပုတ်လိုက်ပြီးမှ နှုတ်ဆက်ကာပြန်သွားလေတယ်....။ ရဲကားတွေအိမ်ရှေ့ကနေထွက်သွားတော့မှ Jungkook လည်း သက်ပြင်းချလိုက်တယ်...။ Taehyung တစ်ယောက်တည်းကတွေ့ခဲ့တာဆိုရင် Taehyung ဆီကိုမေးခွန်းတွေအများကြီး ရောက်လာမှာစိုးတဲ့အတွက် Jungkook ကပါ အတူတူတွေ့ခဲ့တာလို့ လိမ်ညာလိုက်ရတယ်...။

"သား အဆင်ပြေရဲ့လား....??"

နောက်ကနေပခုံးကိုလာဖက်ရင်း စိုးရိမ်စွာမေးတဲ့ Appa ကို Jungkook လည်း ပြုံးရင်းခေါင်းညိတ်ပြလိုက်တယ်....။ Appa က အရမ်းစိုးရိမ်ပူပန်တတ်သူမို့ Appa ရှေ့မှာ ကြောက်နေတဲ့ပုံဖြစ်လို့မဖြစ်ဘူး...။ အမှန်တော့ ဖြူလျော်ပြီးသေဆုံးနေတဲ့ ကျောင်းသားရဲ့အလောင်းကိုတွေ့ကတည်းက Jungkook လန့်သွားတာ...။ တသက်နဲ့တကိုယ်အခုလိုမျိုး တစ်ခါမှမတွေ့ဖူးဘူးလေ...။

"မင်းရဲ့သူငယ်ချင်းရော အဆင်ပြေရဲ့လား...?? သူလည်း ကြောက်နေမယ်ထင်တယ်"

စိတ်ကောင်းရှိတဲ့ Appa က သားဖြစ်သူ Jungkook ကိုတင်မကဘူး သားရဲ့သူငယ်ချင်းကိုပါ စိုးရိမ်နေသေးတာပဲ....။

"အင်း ဟုတ်တယ် Appa... သူကတော့ အရမ်းကြောက်သွားတယ်... ငိုလည်းငိုတယ်... ကျောင်းသားသစ်ဆိုတော့ပိုဆိုးတယ်... အခုမှကျောင်းပြောင်းလာပြီးမှ ဒီလိုကြောက်စရာအဖြစ်တွေနဲ့ ကြုံရတာကိုး"

Under My Skin (Completed)Hikayelerin yaşadığı yer. Şimdi keşfedin