(Unicode)
Jungkook အတန်းထဲဝင်လာတော့ Jimin က မျက်နှာငယ်လေးနဲ့လှမ်းကြည့်နေတယ်...။ မနေ့က သူပြောလိုက်တဲ့စကားကို Jungkook စိတ်ဆိုးသွားတဲ့အတွက် တောင်းပန်ချင်တာလည်း ပါတာပေါ့....။ Jungkook ကတော့ ခပ်တည်တည်ပဲနေနေလိုက်တယ်...။
ဒါပေမယ့် Jimin ကတော့ မနေနိုင်ပါ...။ Jungkook ရဲ့ဘေးသို့ ဖျတ်ခနဲရောက်လာပြီး တောင်းပန်စကားလာပြောတယ်....။
"Jungkook ahh ငါတောင်းပန်ပါတယ်ကွာ ငါအပြောမတတ်လို့ပါ... အဲလိုမရည်ရွယ်ပါဘူး တကယ်ပါ"
ကြမ်းပြင်ပေါ်မှာဆောင့်ကြောင့်လေးထိုင်ကာ စားပွဲခုံမှာမေးလာတင်ရင်း တတွတ်တွတ်ပြောနေတဲ့ Jimin ကို Jungkook စိတ်ဆိုးပြေချင်ပေမယ့် မှတ်လောက်သားလောက်အောင် ပစ်ထားဦးမယ်လို့ စိတ်ကူးမိလိုက်တယ်...။
"ဘာမှလာပြောမနေနဲ့ ထွက်သွားစမ်းပါ"
Jungkook ခပ်တည်တည်နဲ့ပိတ်ဟောက်လိုက်တော့ Jimin မျက်နှာစူပုတ်ပုတ်ဖြစ်သွားပေမယ့် ပေတေကာထိုင်နေဆဲ...။ Jungkook ကတော့ မသိချင်ယောင်သာဆောင်နေလိုက်တယ်...။
"ဟော Taehyung ရောက်လာပြီ"
အနားမှာပေကပ်နေတဲ့ Jimin ဖျတ်ခနဲထသွားလို့ Jungkook လည်းအခန်းဝဆီ လှမ်းကြည့်လိုက်တယ်...။ ထုံးစံအတိုင်းအေးတိအေးစက် မျက်နှာထားနဲ့ Taehyung....။
"Taehyung ahh မင်းဒီနေ့နောက်ကျတယ်နော်... ငါကမနက်စာအတူတူစားဖို့စောင့်နေတာကို"
Jungkook ဘေးနားမှာထိုင်နေတဲ့ Jimin က Taehyung ကိုလည်းမြင်ရော ချက်ချင်းကိုထထွက်သွားလိုက်တာ Jungkook ကိုတောင်ရှိတယ်လို့မထင်တော့...။ ထားလိုက်ပါလေ Jungkook ကိုယ်တိုင်ကလည်း သူ့ကို ထွက်သွားဖို့ပြောထားတာကို...။
"ရော့ ဒီမှာမင်းစားဖို့ ငါမုန့်ယူလာတယ်"
အရင်ကသူ့ဘာသာအိမ်မှာပဲ မနက်စာစားတတ်တဲ့ Jimin အခုကျမှ Taehyung ကို စေတနာပိုနေပြန်ပြီ...။ Jungkook လှည့်မကြည့်ပေမယ့် သူတို့ဘာတွေပြောနေလဲ မသိမသာနဲ့ နားစွင့်ထားလိုက်တယ်...။
"ငါမှမစားချင်တာ"
Taehyung ကတော့ ထုံးစံအတိုင်း ဘာကျွေးကျွေးမစား...။ ဘာသဘောလဲတော့မသိ...။ သူဗိုက်မဆာဘူးလား...။ သူများကျွေးတာလည်းမစားသလို သူ့ဘာသာလည်းဝယ်မစား...။